ပုရိသတွေကို တဖြုတ်ဖြုတ်ကြွေကျသွားအောင် ဖမ်းစားနိုင်သူလေးကတော့ အဆိုတော်၊ သရုပ်ဆောင် မင်းသမီးချောလေး နန်းဆုရတီစိုးပဲ ဖြစ်ပါတယ်။ သူမဟာ ဆယ်စုနှစ်ကျော်တိုင်သည်အထိ အနုပညာအလုပ်တွေကို ကြိုးစားပမ်းစား လုပ်ကိုင်နေဆဲပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူမရဲ့ အနုပညာလှုပ်ရှားမှုတွေတိုင်းကို တစ်ခဲနက် အားပေးကြတာလည်း ဖြစ်ပါတယ်။

Photo Crd- Nansu Yati Soe’s Facebook Account
Photo Crd- Nansu Yati Soe’s Facebook Account
Photo Crd- Nansu Yati Soe’s Facebook Account

မကြာသေးခင်ကလည်း သူမရဲ့ မွေးနေ့လေးကို ချစ်ရတဲ့ မိသားစုနဲ့အတူ ပျော်ပျော်ပါးပါး ကျင်းပပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ အရင်နှစ်တွေလို ပရိသတ်တွေနဲ့ အတူ ကျင်းပခွင့်မရတာကြောင့်လည်း ဝမ်းနည်းနေတာလည်း ဖြစ်ပါတယ်။ မွေးနေ့လက်ဆောင်လေးတွေအတွက်လည်း သူမရဲ့ Facebook Story မှာ ကျေးဇူးတင်ရှိကြောင်း တင်ထားပါသေးတယ်။

Photo Crd- Nansu Yati Soe’s Facebook Account
Photo Crd- Nansu Yati Soe’s Facebook Account
Photo Crd- Nansu Yati Soe’s Facebook Account

မနေ့ညကလည်း နန်းဆုရဲ့ Instagram Story မှာ ပုံလေးတစ်ပုံ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ သူမရဲ့ အချစ်ရဆုံးသူလေးရဲ့ မွေးနေ့ဆုတောင်းလေးပဲ ဖြစ်ပါတယ်။ နန်းဆုကလည်း ဒီ Birthday Wish လေးကြောင့် ပျော်ရွှင်ကြည်နူးနေတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Nansu Yati Soe’s IG And Facebook Account 

Photo Crd- Nansu Yati Soe’s Facebook Account
Photo Crd- Nansu Yati Soe’s Facebook Account
Photo Crd- Nansu Yati Soe’s IG Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။