မင်းသားချောပိုင်ဇေရဲထွန်းက‌တော့ ဗီဒီယိုဇာတ်ကားတွေနဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေ အများအပြားကိုရိုက်ကူးခဲ့တဲ့သူဖြစ်ပါတယ်။အခုခေတ်မှာဆိုရင်တော့ ပိုင်ဇေရဲထွန်းက အနုပညာအလုပ်တွေနဲ့အလှမ်းဝေးကွာနေပြီး မိသားစုလေးနဲ့သာ ပျော်ပျော်ရွှင်ရွှင်နေထိုင်နေတာဖြစ်ပါတယ်နော်။ပိုင်ဇေရဲထွန်းတို့မိသားစုလေးကိုလည်း ပရိသတ်တွေကချစ်ကြလို့ အမြဲစောင့်ကြည့်အားပေးနေကြတာဖြစ်ပါတယ်။

Photo Credit:Paing Zay Ye Tun's Facebook Account
Photo Credit:Paing Zay Ye Tun's Facebook Account
Photo Credit:Paing Zay Ye Tun's Facebook Account

ပိုင်ဇေရဲထွန်းကတော့ ကလေးသုံးယောက်အဖေဖြစ်နေတာတောင် နုပျိုခန့်ညားမှုတွေကမလျော့သွားသေးဘဲ ငယ်ငယ်တုန်းကအတိုင်းချောမောနေတာဖြစ်ပါတယ်။ပိုင်ဇေရဲထွန်းက သူ့ရဲ့ကိုယ်ပိုင်မိသားစုလေးကိုလည်း အချိန်အပြည့်ပေးသလို မိဘနှစ်ပါးကိုလည်း ပြုစုစောင့်ရှောက်ပေးပါတယ်နော်။ပိုင်ဇေရဲထွန်းတို့ဇနီးမောင်နှံနှစ်ယောက်လုံးက မိဘအပေါ်သိတတ်လိမ္မာကြတဲ့ သားသမီးတွေဖြစ်ကြပါတယ်။

Photo Credit:Paing Zay Ye Tun's Facebook Account
Photo Credit:Paing Zay Ye Tun's Facebook Account
Photo Credit:Paing Zay Ye Tun's Facebook Account

ဒီနေ့လေးဟာဆိုရင်တော့ ပိုင်ဇေရဲထွန်းရဲ့ဖခင်ဖြစ်သူရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ဖေဖေ့ရဲ့မွေးနေ့လေးမှာ ပိုင်ဇေရဲထွန်းက"Happy Birthday ​ဖေ​ဖေကြီး လောကကြီးကပေးခဲ့တဲ့ လက်​ဆောင်ထဲမှာ ​ဖေ​ဖေ့ကိုပိုင်ဆိုင်ရတာ အကောင်းမွန်ဆုံး ဆုလာဘ်တစ်ခုပါ​ ဖေဖေ သားတို့နဲ့ ​နောက်ထပ်အကြာကြီး အတူနေပေးပါ"ဆိုပြီး ဖေဖေ့ရဲ့ငယ်ဘဝပုံရိပ်လေးတွေနဲ့အတူ မွေးနေ့ဆုတောင်းလေးရေးသားထားတာဖြစ်ပါတယ်နော်။

Photo Credit:Paing Zay Ye Tun's Facebook Account
Photo Credit:Paing Zay Ye Tun's Facebook Account
Photo Credit:Paing Zay Ye Tun's Facebook Account

Source&Photo Credit:Paing Zay Ye Tun's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။