အနု၊ အကြမ်းဇာတ်စုံရတဲ့ မင်းသားကြီး နေမျိုးအောင်ကတော့ ဗီဒီယို ဇာတ်ကား အတော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ အသည်းနှလုံးထဲမှာ စွဲနေတဲ့ သူတစ်ယောက်ပါ။ သူပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေကလည်း အောင်မြင်ကျော်ကြားပြီး လူကြိုက်များရေပန်းစားတာလည်း ဖြစ်ပါတယ် ။ အနုပညာအလုပ်တွေကို သိပ့်မလုပ်ဖြစ်တော့ပေမယ့် သူရဲ့ လှုပ်ရှားမှုပုံရိပ်တိုင်းကို ပရိသတ်တွေက စောင့်မျှော်အားပေးနေကြတာလည်း ဖြစ်ပါတယ်။

Photo credit - Nay Myo Aung's Fb page
Photo credit - Nay Myo Aung's Fb page

နေမျိုးအောင်က လက်ရှိမှာ သူရဲ့ မိသားစုလေးနဲ့အတူ အေးချမ်းပျော်ရွှင်နေထိုင်နေပြီး နေ့စဥ်လှုပ်ရှားမှုပုံရိပ်လေးတွေကို လူမှုကွန်ယက် ဆိုရှယ်မီဒီယာကနေ တစ်ဆင့် မျှဝေပေးလျှက်ရှိနေတာပါနော်...။ 

ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေကို ချစ်ရတဲ့ ဇနီးချောလေးနဲ့အတူ ကြိုးစားလုပ်ကိုင်နေတာဖြစ်ပြီး အမြဲ စိတ်ချမ်းသာပျော်ရွှင်နေရတာကိုလည်း တွေ့ရပါတယ်။ 

Photo credit - Nay Myo Aung's Fb page
Photo credit - Nay Myo Aung's Fb page
Photo credit - Nay Myo Aung's Fb page

ယခုလို Covid ကာလ stay home မှာ အိမ်မှာနေရင်း ကုသိုလ်ကောင်းမှူတွေကို ပြုလုပ်နေတာလည်း ဖြစ်ပါတယ် ။ မင်းသားကြီး နေမျိုးအောင်က ဘုရားစင်ရှေ့မှာ ဝတ်ပြုဆုတောင်းနေတဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို တင်ပေးလာရင်း " ကမ္ဘာသူ ကမ္ဘာသားများ ကိုယ်စိတ်နှလုံးကျန်းမာလို့ ချမ်းသာကြပါစေ...အရဟံ သိဒ္ဓိ ဘဂါဝါအောင်ပါ ဘုရား " ဆိုပြီး ရေးသားထားတာဖြစ်လို့ ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်.... ။

Photo credit - Nay Myo Aung's Fb page
Photo credit - Nay Myo Aung's Fb page
Photo credit - Nay Myo Aung's Fb page

Photo credit - Nay Myo Aung's Fb page

Source - Nay Myo Aung's Fb page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။