ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားသူကတော့ အဆိုတော် စန္ဒီမြင့်လွင်ပဲ ဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင်ဘက်မှာလည်း အပိုလိုမရှိ ကွက်တိကျအောင် Acting ပိုင်နိုင်တဲ့ မင်းသမီးချောလေး တစ်လက်လည်း ဖြစ်ပါတယ်။ ဒီးဒီရဲ့ သီချင်းဟောင်းလေးတွေကိုလည်း ပရိသတ်တွေက အားပေးနားဆင်နေကြဆဲပဲ ဖြစ်ပါတယ်။

Photo Crd- Thiha Lwin’s IG Account
Photo Crd- Thiha Lwin’s IG Account
Photo Crd- Thiha Lwin’s IG Account

ဒီးဒီဟာ လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေ မရှိသေးဘဲ အိမ်မှာဘဲ မိသားစုနဲ့အတူ ကြည်နူးစရာကောင်းတဲ့ အချိန်လေးတွေ ဖြတ်သန်း ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင်  အိမ်မှာနေရင်း သမီးလေးနဲ့အတူ ပျော်ပျော်ရွှင်ရွှင်ဆော့ကစားပေးနေတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း ဒီးဒီခင်ပွန်းရဲ့ Instagram လူမှုကွန်ယက်မှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။

Photo Crd- Thiha Lwin’s IG Account
Photo Crd- Thiha Lwin’s IG Account
Photo Crd- Thiha Lwin’s IG Account

ဒါကတော့ မေမေက နဖူးလေးကိုရိုက်ရိုက်ပြီးစတာကို သဘောတွေကျကာ တခစ်ခစ်နဲ့ရယ်နေတဲ့ Treasure ရဲ့Videoလေးပဲ ဖြစ်ပါတယ်။ Treasure လေးကလည်း ဖေဖေ၊ မေမေတို့နဲ့အတူ အချိန်ပြည့် အတူနေရတဲ့အတွက် အရမ်းကိုပျော်ရွှင်နေတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုနိုင်အောင် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Thiha Lwin’s IG Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။