ဝါရင့်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းမော်ကွန်းကတော့ အောင်မြင်တဲ့ ထိပ်တန်းသရုပ်ဆောင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်ထားနိုင်ခဲ့ပါတယ်။ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ မင်းမော်ကွန်းကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးလျက်ရှိနေပြီး အကယ်ဒမီဆုတွေကိုလည်း သိမ်းပိုက်ထားနိုင်ခဲ့တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ 

Photo Crd- Kyaw Kyaw Htay Lwin’s Facebook Account
Photo Crd- Kyaw Kyaw Htay Lwin’s Facebook Account

အနုပညာအလုပ်တွေကို အချိန်အတော်ကြာလုပ်ကိုင်လျက်ရှိနေခဲ့တဲ့ မင်းမော်ကွန်းကတော့ ကျရာနေရာမှာ အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်လျက်ရှိနေခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ မင်းမော်ကွန်းကတော့အေးချမ်းသာယာပြီး  ကြည်နူးစရာကောင်းလွန်းတဲ့ မိသားစုလေးကို တည်ဆောက်ထားနိုင်ခဲ့ကာ ချစ်စရာကောင်းတဲ့ သားလေးနှစ်ယောက်နဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားခဲ့တာပဲဖြစ်ပါတယ်။ 

Photo Crd- Kyaw Kyaw Htay Lwin’s Facebook Account
Photo Crd- Kyaw Kyaw Htay Lwin’s Facebook Account

ယခုမှာတော့ မင်းမော်ကွန်းတစ်ယောက် အသက်ငယ်ငယ်လေးနဲ့ Pianoလေးကို ကျွမ်းကျင်ပိုင်နိုင်စွာတီးခတ်နေတဲ့ သားအငယ်ဆုံးလေးကိုကြည့်ပြီး ချစ်မဝဖြစ်နေခဲ့ပါတယ်။မင်းမော်ကွန်းသားလေးရဲ့ ချစ်စရာကောင်းလွန်းတဲ့ ဗီဒီယိုဖိုင်လေးဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းမော်ကွန်းသားလေးရဲ့ Pianoတီးနေတဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကိုပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါဗီဒီယိုဖိုင်လေးကို အောက်မှာကြည့်နိုင်ပါတယ်။ 

Source - Kyaw Kyaw Htay Lwin’s Facebook Account

Photo Crd- Kyaw Kyaw Htay Lwin’s Facebook Account
Photo Crd- Kyaw Kyaw Htay Lwin’s Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။