ပရိသတ်ကြီးရေ အနုပညာလောကမှာ ပရိသတ်တွေ ရဲ့ အချစ်တွေကိုအပြည့် ရရှိခဲ့တဲ့သူကတော့ မော်လ်ဒယ်​သရုပ်ဆောင် ဥက္ကာမင်းမောင် ပဲဖြစ်ပါတယ်။ ဥက္ကာမင်းမောင် က New York မြို့လေးမှာ ချစ်ရတဲ့ သူတွေနဲ့ အခြေချနေထိုင်နေပြီး ဘဝကိုအေးချမ်းစွ ဖြတ်သန်းနေထိုင်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်တွေ အရင်ကထက်လုပ်ကိုင်တာကို မတွေ့ရတော့ပေမယ့် ပရိသတ်တွေနဲ့ အဆက်သွယ်မပြတ်သွားအောင် ဖြည်းဖြည်းမှန်မှန်နဲ့သာ လုပ်ကိုင်နေကိုလည်း တွေ့ရပါတယ်။

Photo Credit - Okkar Min Maung fb page
Photo Credit - Okkar Min Maung fb page

ဥက္ကာမင်းမောင်က LGBT တစ်ယောက်ဖြစ်ကြောင်း ပရိသတ်တွေကိုအသိပေးထားတာကိုလည်း သိရှိပြီးသားဖြစ်မှာပါ။ ယခုမှာတော့ ဥက္ကာမင်းမောင်က ပရိသတ်တွေကြည်နူးပီတိဖြစ်မယ့် ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။ဒီပုံလေးတွေကတော့ စတင်ဘာလ ၁၈ ရက်နေ့တုန်းက သူ့ရဲ့ အသက် ၃၅ နှစ်ပြည့် မွေးနေ့အတွက် နယူးယောက်မှာ ရှိတဲ့ အိမ်ခြေမဲ့ ၃၅ ယောက်ကို မြို့ပတ်ရှာပြီး အလှူလေးကို ပြုလုပ်ခဲ့ပါတယ်။

Photo Credit - Okkar Min Maung fb page
Photo Credit - Okkar Min Maung fb page

အဲ့ဒီ အိမ်ခြေမဲ့ ၃၅ယောက်ကို စားစရာပေါင်မုန့်အပြင် ရေးဗူး ၊ mask နဲ့ ငွေတချို့ကိုလည်း လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဥက္ကာမင်းမောင်က ဒီမွေးနေ့အလှူလေးနဲ့ ပတ်သက်ပြီး ကြည်နူးဝမ်းသားဖြစ်ပြီး အမှတ်တရတွေရခဲ့ပါတယ်ဆိုတဲ့အကြောင့်လည်း သူ့ရဲ့ လူမူကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားပါသေးတယ်။ ကဲ....ချစ်ပရိသတ်ကြီးရေ အသက် ၃၅ နှစ်ပြည့်မွေးနေ့လေးမှာ မွန်မြတ်တဲ့ အလှူလေး လုပ်ခဲ့တဲ့ ဥက္ကာမင်းမောင်ကို ဆုမွန်ကောင်းတောင်းပေးလိုက်ပါဦးနော်။

Photo Credit - Okkar Min Maung fb page

Source - Okkar Min Maung fb page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။