မင်းသားကြီး လွင်မိုးကတော့ အနုပညာလောကမှာ သူ့ရဲ့ဇာတ်ကားတွေ၊ ကြော်ငြာတွေနဲ့ ပရိသတ်တွေရဲ့ရင်ထဲအထိရောက်အောင် နေရာယူထားနိုင်တာ ဖြစ်ပါတယ် ။ တစ်ချိန်က ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်ခဲ့တဲ့ လွင်မိုးက နှစ်တွေလတွေပြောင်းလဲသွားပေမယ့် အခုအရွယ်အထိ ချောမောခန့်ညားနေဆဲ ဖြစ်ပါတယ် ။ ဘဝကိုအေးအေးချမ်းချမ်း ဖြတ်သန်းနေတဲ့ လွင်မိုးက သမီးချောလေးနှစ်ယောက်အပြင် မြေးချောလေးတစ်ယောက်ကိုပါ ပိုင်ဆိုင်ထားရပြီလည်း ဖြစ်ပါတယ် ။

Photo Credit-Lwin Moe's FB Acc
Photo Credit-Lwin Moe's FB Acc
Photo Credit-Lwin Moe's FB Acc

လက်ရှိမှာတော့ လွင်မိုးက အနုပညာအလုပ်တွေကို ရပ်နားထားပြီး အိမ်မှာပဲ မိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင် နေထိုင်နေတာ ဖြစ်ပါတယ် ။ ယနေ့အချိန်အထိ ကျန်းမာသွက်လက်ပြီး လန်းဆန်းနုပျိုနေတဲ့ လွင်မိုးက အိမ်အလုပ်တွေကိုလည်း သူကိုယ်တိုင်လုပ်ကိုင်လေ့ရှိတာ ဖြစ်ပါတယ် ။ အခုလည်း လွင်မိုးက အိမ်မှာနေရင်း Covid ကာလအတွက် စုဆောင်းထားတဲ့ ရိက္ခာစင်ပြိုကျသွားလို့ ပြင်နေရကြောင်းကို သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားမျှဝေထားတာ ဖြစ်ပါတယ် ။

Photo Credit-Lwin Moe's FB Acc
Photo Credit-Lwin Moe's FB Acc
Photo Credit-Lwin Moe's FB Acc

လွင်မိုးက "ကျန်းမာတော်မူကြပါစခင်ဗျာ ဒီနေ့မနက်က Covid ကာလအတွက် စု​ဆောင်းထား​သော ရိက္ခာစင်တစ်ခုပြိုကျခဲ့ရာ ကျွမ်းကျင်အဆင့် (၁) ပညာရှင်မှ အချိန်မီလာ​ရောက် ပြုပြင်ခဲ့ပါ​ကြောင်း သတင်းရရှိပါသည် " ဆိုပြီး ဟာသလေးနှောကာ ရေးသားထားပဲ ဖြစ်ပါတယ် ။ ကဲ မျက်မှန်တစ်လက်နဲ့ တစ်ယောက်တည်းအလုပ်ရှုပ်နေတဲ့ မင်းသားကြီးလွင်မိုးရဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Lwin Moe's FB Acc

Photo Credit-Lwin Moe's FB Acc
Photo Credit-Lwin Moe's FB Acc
Photo Credit-Lwin Moe's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။