ပရိသတ်ကြီးရေ အကယ်ဒမီမယ်လိုဒီကတော့ သားလေးတစ်ယောက်မွေးဖွားထားတဲ့မိခင်ဖြစ်ပါတယ်နော်။မယ်လိုဒီက လက်ရှိမှာဆိုရင်လည်း အနုပညာအလုပ်တွေကို ပြန်လည်လုပ်ဆောင်နေပြီး သားသားလေးနဲ့တောင် ကြော်ငြာအတူတူရိုက်ကူးထားပါသေးတယ်။မယ်လိုဒီကတော့ သားလေးကို အကောင်းဆုံးပြုစုပျိုးထောင်ပြီး ဂရုစိုက်ပေးနေတဲ့ မိခင်ကောင်းတစ်ယောက်ဖြစ်ပါတယ်နော်။

Photo Credit:Melody Myo's Facebook Account
Photo Credit:Melody Myo's Facebook Account
Photo Credit:Melody Myo's Facebook Account

မယ်လိုဒီရဲ့သားချောလေး သိဒ္ဓိစစ်ကလည်း လိမ္မာသိတတ်ပြီး ပညာရေးမှာလည်းထူးချွန်ပါတယ်နော်။မေမေမယ်လိုဒီက သားလေးကို ဘာသာရေးနဲ့ပတ်သက်ပြီးတော့လည်း သေချာသင်ကြားပြသပေးပါတယ်။မယ်လိုဒီတို့သားအမိနှစ်ယောက်က အေးအေးချမ်းချမ်းနဲ့နေထိုင်နေကြပြီး ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကြောင့် ပျော်ရွှင်နေကြတာဖြစ်ပါတယ်နော်။

Photo Credit:Melody Myo's Facebook Account
Photo Credit:Melody Myo's Facebook Account

မယ်လိုဒီကတော့ သားလေးကို အသေးစိတ်ကအစဂရုစိုက်ပေးပြီး ဘေးနားမှာတစ်ချိန်လုံးနေပေးနေတာဖြစ်ပါတယ်။အခုဆိုရင်လည်း သားလေးကြိုက်တတ်တာလေးကို ကိုယ်တိုင်ချက်ကျွေးပြီး ပျော်ရွှင်နေတာပါနော်။မယ်လိုဒီက"ခေါက်ဆွဲဆိုလာထား ညစာ နံရိုးပေါင်းဆီချက်လေးလုပ်ပေးဖြစ်တယ် ချက်ရတာ အလွယ်ဆုံး သားသားအကြိုက်ဆုံးဆိုတော့ မေမေ သာသာယာယာ ဝမ်းမြောက်ဝမ်းသာပါပဲ"ဆိုပြီး အားရပါးရစားနေတဲ့ သားလေးရဲ့ပုံလေးတွေကို မျှဝေလာတာဖြစ်ပါတယ်။

Photo Credit:Melody Myo's Facebook Account
Photo Credit:Melody Myo's Facebook Account
Photo Credit:Melody Myo's Facebook Account

Source&Photo Credit:Melody Myo's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။