ချစ်ရတဲ့ ပရိသတ်ကြီးရေ.... Photo modelတစ်ယောက်အနေနဲ့ အနုပညာလောကထဲကို ခြေလှမ်းစတင်ခဲ့ပြီး နောက်ပိုင်းမှာတော့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်ရိုက်ကူး သရုပ်ဆောင်နေသူလေးကတော့ နော်ဖော်အယ်ထားပဲ ဖြစ်ပါတယ်။ ကရင်တိုင်းရင်းသူလေးဖြစ်ပြီး စကားသံဝဲဝဲလေးတွေက ဆွဲဆောင်မှုပိုလွန်းနေတာဖြစ်လို့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အချိန်ခဏလေးအတွင်း ရရှိထားတာကိုလည်း တွေ့ရပါတယ်။

Photo credit - Naw Phaw Eh Htar's Facebook page
Photo credit - Naw Phaw Eh Htar's Facebook page

ဖြူဖွေးဝင်းမွတ်တဲ့ ကြည်ကြည်လင်လင်အသားအရည်လေးတွေကို ပိုင်ဆိုင်ထားတဲ့ နော်ဖောလေးက ဘယ်လိုဖက်ရှင်တွေပဲ ဝတ်ဝတ် လိုက်ဖက်ညီပြီး လှပတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူမရဲ့ သွေးသွယ်လှပတဲ့ ကိုယ်ခန္ဓာ ကောက်ကြောင်းအလှကလည်း ပုရိသပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို ပိုမိုရရှိစေခဲ့တာပါ။ လက်ရှိမှာတော့ ကြော်ငြာလေးတွေနဲ့ photo shooting လေးတွေကိုသာ အနည်းငယ်ရိုက်ကူးလေ့ရှိနေတဲ့ နော်ဖောက ယနေ့မှာလည်း ပိုစ့်တစ်ခု တင်ပေးလာခဲ့ပြန်ပါတယ်။

Photo credit - Naw Phaw Eh Htar's Facebook page
Photo credit - Naw Phaw Eh Htar's Facebook page
Photo credit - Naw Phaw Eh Htar's Facebook page

အဝါရောင်ဖက်ရှင်လေးနဲ့ ထိထိမိမိ ဆွဲဆောင်မှုတွေ ပိုလွန်းနေတဲ့ နော်ဖောရဲ့ ပုံလေးတွေက ကြည့်မိသူပရိသတ်တိုင်းရင်ကို လှုပ်ခတ်သွားမိစေမှာ အသေအချာပဲဖြစ်လို့ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော် ။ ကဲ... ချစ်ရတဲ့ ပရိသတ်ကြီးကလည်း မင်းသမီးချောလေး နော်ဖောအယ်ထားရဲ့ ပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်....... ။

Photo credit - Naw Phaw Eh Htar's Facebook page
Photo credit - Naw Phaw Eh Htar's Facebook page
Photo credit - Naw Phaw Eh Htar's Facebook page

Photo credit - Naw Phaw Eh Htar's Facebook page

Source - Naw Phaw Eh Htar's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။