ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားနိုင်ခဲ့တဲ့သူကတော့ မင်းသားချောလေး အလင်းရောင်ပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်လာသလို ကြော်ငြာလေးတွေကို ပိုပြီးရိုက်ကူးနေရတာကို တွေ့ရပါတယ်။ ဒါ့အပြင်အလင်းရောင်ဟာ ဆွဲဆောင်မှုရှိပြီး ယောကျ်ားပီသတဲ့ ဟန်ပန်တွေကြောင့် မိန်းကလေးပရိသတ်တွေကြား ရေပန်းစားသူပဲ ဖြစ်ပါတယ်။

photo credit - ALINN YAUNG fb page
photo credit - ALINN YAUNG fb page

ဒါ့အပြင် မကြာခဏဆိုသလို ချစ်တဲ့ပရိသတ်တွေအတွက်လည်း သူ့ရဲ့ အနုပညာလှုပ်ရှားမှုပုံရိပ်လေးတွေအပြင် ချစ်စရာကောင်းတဲ့ ပုံလေးတွေကိုလည်း ဖော်ပြပေးလေ့ရှိပါတယ်။

ယခုမှာတော့ အလင်းရောင် က ဖခင်ဖြစ်သူရဲ့ ယနေ့ စတင်ဘာလ ၂၂ ရက်နေ့မှာကျရောက်တဲ့ မွေးနေ့လေးအတွက် ငယ်ငယ်က ပုံရိပ်လေးတွေနဲ့ မွေးနေ့ဆုမွန်ကောင်း တောင်းပေးလာခဲ့ပါတယ်။

photo credit - ALINN YAUNG fb page
photo credit - ALINN YAUNG fb page

"ဒီနေ့ အဖေ မွေးနေ့ အဖေက 22 September သားက 22 April ​22 မွေးဂဏာန်းချင်း တူတူပဲဒီအရွယ်ထိ လိုလေသေးမရှိအောင် ပြုစုစောင့်ရှောက်ရင်း ပညာတွေသင်ပေးခဲ့တဲ့အတွက် ကျေးဇူးပါ အဖေ အဖေ အသက်ရာကျော်ရှည်ပြီး သားတို့ မိသားစုနဲ့ အတူ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်နေနိုင်ပါစေသားလည်း ပိုကြိုးစားပါ့မယ် အဖေ " ဆိုပြီး ရေးသားဖော်ပြထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ ဖခင်ရဲ့ မွေးနေ့လေးကို ငယ်ငယ်က ပုံရိပ်လေးတွေနဲ့ မွေးနေ့ဆုမွန်ကောင်းတောင်းပေးထားတဲ့ အလင်းရောင်ရဲ့ ပုံလးတွေကို ပြန်လည်ဖော်ပြလိုက်ပါတယ်။

photo credit - ALINN YAUNG fb page
photo credit - ALINN YAUNG fb page

photo credit - ALINN YAUNG fb page

Source - ALINN YAUNG fb page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။