သရုပ်ဆောင် မင်းသမီးချောလေး ပိုးအိအိခန့်ကတော့ ကလေးတစ်ယောက်မေမေ ဖြစ်သွားတာတောင် အရွယ်တင်နုပျိုပြီး လှသွေးကြွယ်နေဆဲ ဖြစ်ပါတယ် ။ ပိုးအိအိခန့်က မြန်မာ့လက်ရွေးစင်ဘောလုံးသမား အောင်သူနဲ့ထိမ်းမြားလက်ထပ်ပြီး သားလေးတစ်ယောက်ကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ် ။ အခုဆိုရင် ပိုးအိအိခန့်နဲ့ အောင်သူတို့ရဲ့သားလေးက အသက်တစ်နှစ်ကျော်အရွယ်ရှိပြီလည်း ဖြစ်ပါတယ် ။

Photo Credit - Poe Ei Ei Khant's FB Acc
Photo Credit - Poe Ei Ei Khant's FB Acc
Photo Credit - Poe Ei Ei Khant's FB Acc

ပိုးအိအိခန့်ကတော့ သားလေးကို သွင်ဦးဟန်လို့နာမည်ပေးထားပြီး ကိုကိုးလေးလို့ ချစ်စနိုးနဲ့ခေါ်ဝေါ်တာလည်း ဖြစ်ပါတယ် ။ ပါးဖောင်းဖောင်း ကစ်ကစ်လေးတွေနဲ့ ချစ်ဖို့ကောင်းတဲ့ ပိုးအိအိခန့်ရဲ့သားလေးက ပရိသတ်တွေရဲ့အချစ်တော်လေးတောင် ဖြစ်လို့နေပြီပဲ ဖြစ်ပါတယ် ။ ဒါကြောင့်လည်း မေမေပိုးအိအိခန့်က သားလေးရဲ့ပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို လူမှုကွန်ယက်စာမျက်နှာထက်မှာ အမြဲမျှဝေပေးလေ့ရှိတာ ဖြစ်ပါတယ် ။

Photo Credit - Poe Ei Ei Khant's FB Acc
Photo Credit - Poe Ei Ei Khant's FB Acc
Photo Credit-Thwin Oo Han's FB Page

အခုလည်း ပိုးအိအိခန့်က သားလေးကိုစာမေးရင်း ပျော်ရွှင်နေရတဲ့ ဗီဒီယိုလေးကို တင်ထားတာ ဖြစ်ပါတယ် ။ ဒီဗီဒီယိုလေးမှာတော့ ကိုကိုးလေးက စာမေးတာမရလို့ မေမေ့ကိုသွားလေးဖြီးကာရယ်ပြရင်း သူသိတာလေးကို ဖြေလိုက်တာ ဖြစ်ပါတယ် ။ သားလေးရဲ့အဖြေကိုတော့ ပိုးအိအိခန့်တစ်ယောက် သဘောတွေကျပြီး ရယ်မောခဲ့ရတာလည်း ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ပိုးအိအိခန့်တို့သားအမိနှစ်ယောက်ရဲ့ကြည်နူးစရာကောင်းတဲ့ ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Thwin Oo Han's FB Page

Photo Credit-Thwin Oo Han's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။