ချစ်စရာကောင်းတဲ့ အမူအရာလေးတွေကြောင့် ပရိသတ်တွေ ချစ်မဝ ဖြစ်နေရသူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး နေခြည်ဦးပဲ ဖြစ်ပါတယ်။ သူမဟာ Beauty Blogger ဘက်မှာလည်း ပရိသတ်အခိုင်အမာ ရရှိထားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ လုပ်သမျှအလုပ်တိုင်းကိုလည်း သေသေချာချာ စီမံလုပ်ကိုင်တာကြောင့်လည်း ကုမ္ပဏီတော်တော်များများရဲ့ Brand Ambassador အဖြစ် ခန့်အပ်ခြင်း ခံထားရတာလည်း ဖြစ်ပါတယ်။

Photo Crd- Nay Chi Oo’s Facebook Account
Photo Crd- Nay Chi Oo’s Facebook Account
Photo Crd- Nay Chi Oo’s Facebook Account

ချီချီဟာ လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေ မရှိသေးဘဲ သူမရဲ့ မိဘအိမ်မှာဘဲ မိသားစုနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးတွေ ဖြတ်သန်းနေတာလည်း ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ချီချီရဲ့ ဖခင်ဖြစ်သူရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ မကြာသေးခင် မိနစ်ပိုင်းကလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။

Photo Crd- Nay Chi Oo’s Facebook Account
Photo Crd- Nay Chi Oo’s Facebook Account
Photo Crd- Nay Chi Oo’s Facebook Account

ဒါကတော့ ဖေဖေ့ရဲ့ မွေးနေ့လေးကို ခြံထဲမှာ မိသားစုတွေ သိုက်သိုက်ဝန်းဝန်းနဲ့ ကျင်းပခဲ့ကြတဲ့ ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။ ချီချီကလည်း " Happy 54th Birthday ချစ်ဖေကြီး

မိုးရေထဲ ခြံထဲမှာလုပ်ဖြစ်တဲ့ မိသားစုမွေးနေ့ပါတီလေး

အရမ်းပျော်တယ် အရမ်းလည်း ချစ်တယ်

သမီးတို့နဲ့အတူ ဖေကြီး နောင်ရာစုနှစ်တွေအထိ အေးချမ်းစွာ ဖြတ်သန်းနိုင်ပါစေ " ဆိုပြီး ရေးထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီပုံရိပ်လေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Nay Chi Oo’s Facebook Account 

Photo Crd- Nay Chi Oo’s Facebook Account
Photo Crd- Nay Chi Oo’s Facebook Account
Photo Crd- Nay Chi Oo’s Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။