ပရိသတ်ကြီးရေ......90 bornsလေးတွေရဲ့ အသည်းစွဲ အဆိုတော်တစ်ဖွဲ့ဖြစ်တဲ့ Examplezအဖွဲ့ရဲ့ အဖွဲ့ဝင်ထွန်းထွန်းကိုသိကြမယ်ထင်ပါတယ်နော်။ သူဟာ အဆိုတော်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့အားပေးမှုကိုရရှိလာခဲ့တာဖြစ်ပြီး အောင်မြင်လာခဲ့တဲ့သူတစ်ဦးပါ။ ဒါ့ပြင်ထွန်းထွန်းဟာ သရုပ်ဆောင်တစ်ယောက်အနေနဲ့ပါ ခြေလှမ်းသစ်တွေစတင်ခဲ့တာဖြစ်ပြီး အခုဆိုရင်အကယ်ဒမီမင်းသားချောတစ်ယောက်ပါ ဖြစ်နေပြီပဲဖြစ်ပါတယ်။
ထွန်းထွန်းဟာ နှင်းဆီအဖွဲ့သားတစ်ယောက်လည်းဖြစ်ပြီး လူရွှင်တော်တစ်ယောက်အနေနဲ့ပါ ပရိသတ်တွေကို ဖျော်ဖြေနိုင်တဲ့ အနုပညာရှင်တစ်ဦးပါနော်။ သူဟာ ပျော်ပျော်နေတတ်သူတစ်ယောက်လည်းဖြစ်တာကြောင့် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုလည်း အပြည့်အဝရရှိထားတာပါ။ ထွန်းထွန်းဟာ ဆိုင်ကယ်စီးရတာဝါသနာပါသူတစ်ယောက်လည်းဖြစ်ပြီးတော့ သူ့ရဲ့ အားလပ်ချိန်လေးတွေကို ဆိုင်ကယ်စီးလေ့ရှိဝာာလည်း တွေ့ရပါတယ်။
မကြာသေးမီကလည်း ထွန်းထွန်းဟာ သူ့ရဲ့ Facebookစာမျက်နှာမှာ "အရမ်းလိုချင်တယ် မေမေ..." ဆိုတဲ့ captionလေးနဲ့ ဆိုင်ကယ်အမိုက်စားကြီးနဲ့ ပဲပေးထားတဲ့ပုံတွေကိုတင်ပေးလာပါတယ်။ ကဲ......ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source-Htin Aung Tun's Facebook acc
Photo credit-Htin Aung Tun's Facebook acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။