မင်းသမီးချောလေးစိုးပြည့်သဇင်ကတော့ ပရိသတ်တွေရဲ့ မေတ္တာကိုရရှိထားပြီး လူချစ်လူပေါများတဲ့သူလေးပဲဖြစ်ပါတယ်။စိုးပြည့်က စိတ်ထားလေးဖြူစင်ပြီး စကားပြောတာလေးကလည်း နူးညံ့သိမ်မွေ့ပါတယ်နော်။လက်ရှိမှာဆိုရင်လည်း စိုးပြည့်သဇင်က အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး အောင်မြင်မှုလမ်းကြောင်းပေါ်လျှောက်လှမ်းနေတာဖြစ်ပါတယ်။

Photo Credit:Soe Pyae Thazin's Facebook Mystory
Photo Credit:Soe Pyae Thazin's Facebook Mystory
Photo Credit:Soe Pyae Thazin's Facebook Mystory

စိုးပြည့်လေးက မိဘနှစ်ပါးကိုလည်း လုပ်ကျွေးပြုစုနေတဲ့ သမီးလိမ္မာလေးဖြစ်ပါတယ်နော်။သူမတို့မိသားစုသုံးယောက်က ခရီးတွေလည်းအတူတူသွားကြပြီး အမြဲပျော်ပျော်ရွှင်ရွှင်နေထိုင်ကြတာဖြစ်ပါတယ်။စိုးပြည့်လေးကတော့ အသက်တွေတစ်နှစ်ပြီးတစ်နှစ်ကြီးလာပေမယ့်လည်း အမြဲစိတ်ချမ်းသာလို့ တစ်နေ့ထက်တစ်နေ့ပိုပိုလှပလာတာပဲဖြစ်ပါတယ်နော်။

Photo Credit:Soe Pyae Thazin's Facebook Mystory
Photo Credit:Soe Pyae Thazin's Facebook Mystory

ဒီနေ့လေးဟာဆိုရင်တော့ စိုးပြည့်လေးရဲ့မွေးနေ့ရက်မြတ်လေးဖြစ်ပြီး သူမကိုချစ်တဲ့သူတွေကလည်း မွေးနေ့ဆုမွန်ကောင်းတောင်းပေးကြပါတယ်နော်။စိုးပြည့်ကတော့ မွေးနေ့မနက်ခင်းလေးမှာ အိမ်ကဘုရားကို ကိုယ်တိုင်ဆွမ်းကပ်လှူဒါန်းနေတာဖြစ်ပါတယ်။မွေးနေ့လေးမှာ ကောင်းမှူကုသိုလ်တွေလုပ်ပြီး အေးအေးချမ်းချမ်းနဲ့ဖြတ်သန်းနေတဲ့ စိုးပြည့်ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Soe Pyae Thazin's Facebook Mystory
Photo Credit:Soe Pyae Thazin's Facebook Mystory
Photo Credit:Soe Pyae Thazin's Facebook Mystory

Source&Photo Credit:Soe Pyae Thazin's Facebook Mystory

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။