မင်းသမီးချောလေး နေခြည်ဦးကတော့ ကိုယ်ပိုင်အရည်အချင်းတွေနဲ့ အချိန်ခဏလေးအတွင်းမှာတင် ထွန်းတောက်အောင်မြင်လာအောင် ကြိုးစားခဲ့တာပဲ ဖြစ်ပါတယ် ။ သွက်လက်ထက်မြက်သူလေးဖြစ်တဲ့ နေခြည်ဦးက Beauty Blogger အဖြစ်ရော သရုပ်ဆောင်အဖြစ်ပါ လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ် ။ အထူးသဖြင့် နေခြည်ဦးက ဝေဖန်တိုက်ခိုက်မှုဒဏ်တွေကို ခံခဲ့ရပေမယ့်လည်း ယုံကြည်မှုအပြည့်နဲ့ အောင်မြင်မှုလမ်းကြောင်းပေါ်မှာ ဆက်လက်လျှောက်လှမ်းနေတာ ဖြစ်ပါတယ်။

Photo Credit-Nay Chi Oo's FB Acc
Photo Credit-Nay Chi Oo's FB Acc
Photo Credit-Nay Chi Oo's FB Acc

နေခြည်ဦးက စကားပြောတဲ့နေရာမှာလည်း ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်သလို လွတ်လပ်ပေါ့ပါးတဲ့ ပင်ကိုယ်စတိုင်လ်နဲ့ နေထိုင်လေ့ရှိတာလည်း ဖြစ်ပါတယ် ။ အခုလို Covid 19 ကာလမှာတော့ နေခြည်ဦးက အိမ်မှာပဲ Work From Home လုပ်ကိုင်ရင်း မိသားစုကိုအချိန်ပိုပေးဖြစ်နေတာ ဖြစ်ပါတယ် ။ အခုလည်း နေခြည်ဦးက ချစ်ရတဲ့ညီမလေး စိမ်းလဲ့ရတနာနဲ့အတူ ရေကူးကန်ထဲမှာ ပျော်ပျော်ပါးပါး ရေစိမ်နေတာ ဖြစ်ပါတယ်။

Photo Credit-Nay Chi Oo's FB Acc
Photo Credit-Nay Chi Oo's FB Acc
Photo Credit-Nay Chi Oo's FB Acc

နေခြည်ဦးတို့ညီအစ်မနှစ်ယောက်ကတော့ အိမ်ကရေကူးကန်ထဲမှာ အပန်းဖြေရင်း ရယ်မောပျော်ရွှင်နေကြတာပဲ ဖြစ်ပါတယ် ။မောင်လေးတစ်ယောက်၊ ညီမလေးတစ်ယောက် ပိုင်ဆိုင်ထားတဲ့ နေခြည်ဦးက မောင်နှမတွေနဲ့လည်း ချစ်ချစ်ခင်ခင်နေထိုင်လေ့ရှိတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး နေခြည်ဦးနဲ့ ညီမချောလေး စိမ်းလဲ့ရတနာတို့ရဲ့ချစ်စရာဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Sane Let Yadanar's FB Story 

Photo Credit-Nay Chi Oo's FB Acc
Photo Credit-Sane Let Yadanar's FB Story

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။