ပရိသတ်ကြီးရေ ကိုပေါက်ကတော့ ဗီဒီယိုဇာတ်ကားအတော်များများမှာ ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်တွေနဲ့ မိတ်ဆက်ပေးစရာမလိုလောက်အောင် ရင်းနှီးပြီးသား သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ကိုပေါက်က ဇာတ်ပို့ သရုပ်ဆောင် အလုပ်အပြင် ကဗျာရေး ဇာတ်ညွှန်းရေး ဒါရိုက်တာအဖြစ်လည်း အနုပညာလမ်းကြောင်းထက်မှာ တွေ့ရပါတယ်နော်။ အနုပညာလောကမှာ နေရာတစ်ခုကို အခိုင်အမာရရှိထားပြီဖြစ်တဲ့ ကိုပေါက်က ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုလည်း အခိုင်အမာရရှိထားတဲ့ သူတစ်ယောက်ပါနော်......။

Photo credit - Aung Min Naing's FB account

ကိုပေါက်က ဘဝရဲ့ အခက်အခဲပေါင်းစုံကို ချစ်ရတဲ့ ဇနီးသည်လေးရဲ့ လက်ကိုတွဲကာ ရင်ဆိုင်ကျော်ဖြတ်လာခဲ့တာဖြစ်ပြီး ယခုလက်ရှိမှာတော့ သာယာပျော်ရွှင်ပြီး ပြီးပြည့်စုံတဲ့ မိသားစုဘဝလေးကို တည်ဆောက်နိုင်ခဲ့ပြီလဲ ဖြစ်ပါတယ်။ ဒါ့အပြင် ချစ်စရာကောင်းပြီး သွက်သွက်လပ်လပ်ရှိတဲ့ သားသားလေးနှစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားတာဖြစ်လို့ ပရိသတ်တွေကလည်း အားကျချစ်ခင်နေကြတာအသေအချာပါပဲနော်......။

Photo credit - Aung Min Naing's FB account
Photo credit - Aung Min Naing's FB account

ကိုပေါက်က ယခုလက်ရှိ Stay home ကာလမှာတော့ အိမ်မှာနေရင်း ချစ်ပရိသတ်တွေ အလွမ်းပြေကြည့်ရှုစေနိုင်ရန်အတွက် ဟာသ ဗီဒီယိုလေးတွေနဲ့ Tiktok ဗီဒီယိုလေးတွေကို ရိုက်ကူးလေ့ရှိနေတာဖြစ်ပြီး ယနေ့မှာလည်း ပိုစ့်တစ်ခု တင်ပေးလာပြန်ပါပြီနော် ။ ခါတိုင်းနဲ့မတူပဲ ကျောင်းစိမ်းဝတ်စုံလေးနဲ့ ကြည့်မိသူတိုင်း ရယ်မောသွားရလောက်အောင် ဆော့ကစားထားတဲ့ ကိုပေါက်ရဲ့ အခွီTiktokလေးတွေကို ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန် အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်...... ။

Photo credit - Aung Min Naing's FB account

Photo credit - Aung Min Naing's FB account

Source & Video credit - Aung Min Naing's FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။