Photo credit - HLTV

Cloud9 ကတော့ သူတို့ရဲ့ new cs:go team ရဲ့ roster update ကိုကြေညာခဲ့ပါတယ်။

Cloud9 ကြေညာခဲ့တာကတော့ woxic ကို အသင်းရဲ့ တတိယမြောက် player အဖြစ်ခေါ်ယူခဲ့ပြီဆိုတာပဲ ဖြစ်ပါတယ်။

Cloud9 အနေနဲ့ သူတိူ့ရဲ့ new cs:go team ကို ​ရှေ့လထဲက စတင်ဖွဲ့စည်းနေတာဖြစ်ပြီး ALEX, mezii နဲ့ coach kassad တို့ကိုခေါ်ယူအပြီးမှာ woxic ကိုထပ်မံခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။

woxic ကတော့ mouseports မှာကစားနေတဲ့ player တစ်ယောက်ဖြစ်ပြီး Cloud9 ရဲ့ကမ်းလှမ်းမှုကြောင့် ပြောင်းရွှေ့လာခဲ့တာပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် လက်ရှိ Cloud9 new cs:go team ရဲ့ roster ကတော

Alex "⁠ALEX⁠" McMeekin

William "⁠mezii⁠" Merriman

Özgür "⁠woxic⁠" Eker

Aleksandar "⁠kassad⁠" Trifunović (coach)

တို့ပဲ ဖြစ်ပါတယ်။

Cloud9 အနေနဲ့ new cs:go team မှာကစားဖို့အတွက် players သုံးယောက်ခေါ်ယူပြီးပြီဆိုပေမယ့် roster ပြည့်စုံဖို့အတွက် နောက်ထပ် players နှစ်ယောက်ကို ခေါ်ယူဖို့ လိုအပ်နေပါသေးတယ်

Source - Cloud9 twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။