ပရိသတ်ကြီးရေ....မင်းသမီးချောလေး မအေးသောင်းကတော့ တစ်ေခတ်တခါကတည်းက အောင်မြင်မှုရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပါ။သူမဟာ ပြည့်တင်းလှပတဲ့ ခန္ဓာကိုယ်အချိုးအစားကိုပိုင်ဆိုင်ထားပြီး တည်ငြိမ်ရင့်ကျက်တဲ့အလှတရားလေးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ဒါ့ပြင်မအေးသောင်းဟာ အနုပညာအလုပ်တွေကိုဆက်တိုက်ဆိုသလိုကြိုးစားလုပ်ဆောင်နေတာဖြစ်ပြီး ဇာတ်လမ်းတွဲတွေရော ရုပ်ရှင်ကားကြီးတွေပါရိုက်ကူးနေတာပါ။

Photo credit-Aye Wutyi Thaung's Facebook page
Photo credit-Aye Wutyi Thaung's Facebook page

တစ်နေ့တစ်ခြားအလှတွေတိုးတိုးလာတဲ့ မအေးသောင်းဟာ အရွယ်နဲ့မလိုက်အောင်ကိုနုပျိုလှပပြီး ချစ်စရာကောင်းနေတာဖြစ်ပါတယ်။ မအေးသောင်းဟာ အသက်ကြီးလာတယ်လို့ကိုထင်မှတ်ဖွယ်မရှိအောင်ကို ဆယ်ကျော်သက်လေးလိုလှပနေတဲ့သူလေးပါနော်။ မအေးသောင်းဟာ သူမရဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ပက်သက်ပြီးတော့လည်း လေ့ကျင့်ခန်းတွေလုပ်လေ့ရှိပြီး မိန်းကလေးတိုင်းအားကျရတဲ့ အမိုက်စားဘော်ဒီလေးကိုလည်း ပိုင်ဆိုင်ထားတာပါ။

Photo credit-Aye Wutyi Thaung's Facebook page
Photo credit-Aye Wutyi Thaung's Facebook page

မကြာသေးမီကလည်း မအေးသောင်းဟာ သူမရဲ့ Facebookစာမျက်နှာမှာ "July 2020 တုန်းကရိုက်ထားတာပါ။ အမြဲပိန်လိုက် ဝလိုက် သံသရာထဲမှာ မုန့်လုံးစက္ကူကပ်နေသူပါ။ ငါဟဲ့နော် မိန်းမ ရီးးးးဟ ....... ဒါနဲ့ ထူးအောင်က ဘာပြောသွားတာ" ဆိုတဲ့ captionလေးနဲ့ လေ့ကျင့်ခန်းလုပ်ရင်းရိုက်ထားတဲ့ အခွီဗီဒီယိုလေးကိုတင်ပေးလာပါတယ်။ ကဲ.......ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Aye Wutyi Thaung's Facebook page
Photo credit-Aye Wutyi Thaung's Facebook page

Source& video Credit-Aye Wutyi Thaung's Facebook page

Photo credit-Aye Wutyi Thaung's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။