Photo credit - Team Nigma twitter

Team Nigma ကတော့ လာမယ့် OGA Dota PIT Season 3 မှာလည်း အသင်းရဲ့ captain ဖြစ်သူ kuroky ပါဝင်ကစားနိုင်သေးမှာ မဟုတ်ကြောင်း ကြေညာခဲ့ပါတယ်။

Kuroky ကတော့ ပြီးခဲ့တဲ့ လအနည်းငယ်လောက်ထဲက သူ့ရဲ့ လက်ဒဏ်ရာကို ကုသနေခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ ကုသနေရဆဲပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် OGA Dota PIT Season 3 မှာလည်း အသင်းရဲ့ coach ဖြစ်သူ rnM ကပဲ kuroky ရဲ့နေရာမှာ အစားဝင်ကစားပေးသွားမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် OGA Dota PIT Season3 ဝင်ရောက်ယှဥ်ပြိုင်မယ့် Team Nigma ရဲ့ roster ကတော့

Po 1- Miracle

Po 2- W33

Po 3- MinD_ContRoL

Po 4- Gh

Po 5- rnM

တို့ပဲဖြစ်ပါတယ်။

kuroky ကြီးကိုလည်း လက်ဒဏ်ရာ အမြန်ဆုံးပြောက်ကင်းပြီး အသင်းနဲ့အတူ ပြိုင်ပွဲတွေ ပြန်ဝင်ဖို့အတွက် ဆုတောင်းပေးလိုက်ပါတယ်။

Source - Team Nigma twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။