Photo credit - ESL

North America region ရဲ့ လက်ရှိ top 1 mid player CCnC ( Quinn ) ရဲ့ နာမည်အရင်းကတော့ Quinn Callahan ဖြစ်ပြီး သူဟာ အမေရိကန်နိုင်ငံသားတစ်ဦးပဲဖြစ်ပါတယ်။

Quinn ကတော့ Dota 2 ကို 2012 ခုနှစ်လောက်ထဲကစတင်ကစားခဲ့တာဖြစ်ပြီး သူပထမဆုံးကစားခဲ့တဲ့ team ကတော့ FDL ပဲဖြစ်ပါတယ်။

FDL မှာတော့ Quinn ဟာ 2016 ခုနှစ် 4 လပိုင်းကနေ 2017 ခုနှစ်အစပိုင်းနားထိကစားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ Quinn ဟာ is GG အသင်းကိုပြောင်းရွှေ့ခဲ့ပြီး 2017 ခုနှစ် 5 လပိုင်းကုန်ခါနီးမှာ Team Freedom ကိုပြောင်းရွှေ့ခဲ့ပါတယ်။

2017 ခုနှစ်9 လပိုင်းမှာတော့ ှQuinn ဟာ The Dire ကိုပြောင်းရွှေ့ခဲ့ပြီး ရက်ပိုင်းလောက်ပဲကစားကာ Optic Gaming ကိုပြောင်းရွှေ့ခဲ့ပါတယ်။

Optic Gaming မှာတော့ Quinn ဟာ တနှစ်လောက်ကစားခဲ့ပြီး 2018 ခုနှစ် 9 လပိုင်းမှာ paiN X ကိုပြောင်းရွှေ့ခဲ့ပါတယ်။

၎င်းအသင်းမှာလည်း Quinn ဟာ သိပ်ကြာကြာမကစားခဲ့ဘဲ 2018 ခုနှစ် 11 လပိုင်းမှာပြန်လည်ထွက်ခွာခဲ့ပြီး 2019 ခုနှစ် 3 လပိုင်းကုန်ခါနီးမှာတော့ Forward Gaming ကိုပြောင်းရွှေ့ခဲ့ပါတယ်။

သို့ပေမယ့် Ti9 စခါနီးမှာတော့ Forward Gaming အသင်းပိုင်းရှင်ဟာ အသင်းကိုဖျက်သိမ်းခဲ့တဲ့အတွက် China အခြေစိုက် NewBee အသင်းဟာ Quinn တို့ရဲ့ Forward Gaming roster တစ်ခုလုံးကိုခေါ်ယူကာ Newbee နာမည်နဲ့ Ti9 ကိုဝင်ပြိင်စေခဲ့ပါတယ်။

သို့ပေမယ့်လည်း Quinn ရဲ့ Newbee အသင်းဟာ Ti 9 မှာ 9-12th နေရာနဲ့သာကျေနပ်ခဲ့ရပြီး Quinn တို့အသင်းသားတွေအကုန်လုံးကလည်း Newbee နဲ့လမ်းခွဲခဲ့ပါတယ်။

2019 ခုနှစ် 9 လပိုင်းမှာတော့ Quinn ဟာ Sumail , Yawar , MSS , SVG တို့နဲ့အတူ Quincy Crew အသင်းကိုဖွဲ့စည်းခဲ့ပြီး 2019-2020 DPC season ရဲ့အစောပိုင်း major တွေ minor တွေကိုဝင်ပြိုင်ခဲ့ပါတယ်။

သို့ပေမယ့် Dota Summit 11 ယှဉ်ပြိုင်ခါနီး 2019 ခုနှစ် 11 လပိုင်း 5 ရက်နေ့မှာ Chaos Esports Club ဟာ Quincy Crew roster တစ်ခုလုံးကို ခေါ်ယူခဲ့တာကြောင့် Quin အပါအဝင် Quincy Crew တစ်သင်းလုံးဟာ Chaos EC org လက်အောက်ကို ရောက်ရှိသွားခဲ့ပါတယ်။

ငါးလလောက်အကြာ 2020 ခုနှစ် 3 လပိုင်း 25 ရက်နေ့မှာတော့Chaos Esports Club က disband ပြုလုပ်ခဲ့တာကြောင့် Quinn တို့ဟာ Quincy Crew နာမည်နဲ့ပဲ ပြိုင်ပွဲတွေကို ယနေ့ထိ ဆက်လက်ယှဥ်ပြိုင်နေဆဲ ဖြစ်ပါတယ်။

Quinn ဟာ လက်ရှိမှာဆိုရင်လည်း Quincy Crew ရဲ့ mid player နေရာမှာ အကောင်းဆုံး လက်စွမ်းပြကစားနေပြီး နောက်ဆူံးယှဥ်ပြိုင်ထားတဲ့ tournaments 7 ခုမှာလည်း champion ဖြစ်ထားတဲ့ player တစ်ဦးပဲ ဖြစ်ပါတယ်။

Source - Liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။