ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့ ပရိသတ်အချစ်တွေကို အခိုင်အမာရရှိထားတဲ့ ပြည်သူ့အချစ်တော် မင်းသမီးချောလေးကတော့ နန်းခင်ဇေယျာပဲ ဖြစ်ပါတယ်နော်..။

ကျော့ရှင်းတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့အပြင် ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေနဲ့ စကားပြောပွင့်လင်းပြီး အနေအေးတဲ့ပုံရိပ်လေးတွေကြောင့်လည်း ပရိသတ်တွေက အချစ်ပိုနေကြရတာပါ..။

Photo Credit - Nang Khin Zay Yar - နန်းခင်ဇေယျာ Fb Page
Photo Credit - Nang Khin Zay Yar - နန်းခင်ဇေယျာ Fb Page

နန်းခင်လေးကတော့ covid ကာလ stay home နေရတဲ့အချိန်လေးမှာ အိမ်မှာလုပ်ဖြစ်နေတဲ့ ကျန်းမာရေးအကြောင်းလေးတွေနဲ့ အပြင်ထွက်ရင် ဂရုစိုက်ကြဖို့ ပရိသတ်တွေကိုလည်း ပြောပြထားပါတယ်နော်..။

အချစ်တော်လေး နန်းခင်ကတော့ အပြင်က ပြန်လာတိုင်း အဝတ်အစားတွေလဲကာ သန့်ရှင်းရေးတွေ သေချာဂရုတသိုက်လုပ်ဖြစ်သလို covid ဖြစ်နေမလားဆိုပြီးတော့လည်း အနံတွေ လိုက်ရှူနေတဲ့အကြောင်းလေးတွေကို ပြောပြလာပါတယ်နော်..။

Photo Credit - Nang Khin Zay Yar - နန်းခင်ဇေယျာ Fb Page
Photo Credit - Nang Khin Zay Yar - နန်းခင်ဇေယျာ Fb Page

"အိမ်မှာ အခန်းထဲမှာနေရတာကြာတော့ ဆိုက်ကိုဖြစ်တယ် ဘယ်လိုဆိုက်ကိုလဲဆိုတော့ ကိုယ်များ Covid ဖြစ်နေမလားဆိုပြီး မနက်မနက် အနံ့များရသေးရဲ့လားဆိုပြီး အနံ့တွေလိုက်ရှူရတာလည်း အမောပေါ့ ရေမွှေးတို့ ရှူဆေးတို့လည်း လိုက်ရှူရတယ်.." ဆိုပြီး ပြောပြထားတာပါ..။

သူမရဲ့အတွေ့အကြုံလေးတွေနဲ့ အိမ်မှာနေရင်း လုပ်ဖြစ်နေတဲ့အကြောင်းလေးတွေကို ပြောပြထားတဲ့ နန်းခင်လေးရဲ့ ဗီဒီယိုလေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Nang Khin Zay Yar - နန်းခင်ဇေယျာ Fb Page
Photo Credit - Nang Khin Zay Yar - နန်းခင်ဇေယျာ Fb Page

Photo Credit - Nang Khin Zay Yar - နန်းခင်ဇေယျာ Fb Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။