အိန်ဂျယ်လမုန်ကတော့ ချစ်စရာအမူအရာလေးတွေနဲ့ စိတ်သဘောထားဖြူစင်ပြည့်ဝတဲ့အတွက်ကြောင့် ပရိသတ်တွေက ချစ်ခင်အားပေးဝန်းရံလျက်ရှိတာဖြစ်ပါတယ်။ အသားအရည်ဖြူဝင်းလှပတဲ့အပြင် ခန္ဓာကိုယ် အချိုးအစားပြေပြစ်လှပသူလေးလည်းဖြစ်ရာ အခုဆိုရင်တော့ မော်ဒယ်လ်သရုပ်ဆောင် အဖြစ် အနုပညာလောကထဲကိုပါ ဝင်ရောက်လာခဲ့ပြီဖြစ်ပါတယ်။

Photo Credit : Kyaw Zin Hein
Photo Credit : Kyaw Zin Hein

အိန်ဂျယ်လမုန်ရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ photo shooting တွေရိုက်ကူးလေ့ရှိပြီး၊ ကြော်ငြာမဂ္ဂဇင်းတွေမှာလည်း သူမရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ ခရီးသွားရတာ ဝါသနာပါသူလေးဖြစ်ပြီး ပြည်တွင်းပြည်ပခရီးတွေကိုထွက်လေ့ရှိတာလည်းတွေ့ရပါတယ်။ 

Photo Credit : Kyaw Zin Hein
Photo Credit : Kyaw Zin Hein

ဒါ့အပြင် ချိုသာတဲ့ အသံလေးကိုပိုင်ဆိုင်ထားရာ သူမရဲ့ သီချင်းလေးတွေဟာဆိုရင်လည်း လူကြိုက်များခဲ့တာလည်းဖြစ်ပါတယ်။ လတ်တလောမှာတော့ သနပ်ခါးလေးလိမ်းကာ မြန်မာဆန်ဆန်လေးဝတ်ပြီး ဆွဲဆောင်မှုရှိရှိလှရက်လွန်းနေတဲ့ ပုံလေးတွေကို ဖော်ပြထားတာတွေ့ရတာကြောင့် ပရိသတ်ကြီး အတွက် မျှဝေပေးလိုက်ပါတယ် ။ 

Photo Credit : Kyaw Zin Hein
Photo Credit : Kyaw Zin Hein

Source : Angle Lamung Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။