မင်းသမီးချောလေးစိုးပြည့်သဇင်ကတော့ အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်အဖြစ် ရပ်တည်ထားနိုင်ခဲ့ပါတယ်။  အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိနေခဲ့တဲ့ သူမကတော့ ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားတွေမှာ အကောင်းဆုံးသရုပ်ဆောင်လျက်ရှိနေခဲ့တာပဲဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားကြီတွေကိုလည်း ရိုက်ကူးလျက်ရှိနေပါတယ်။

Photo Credit : Soe Pyae Thazin FacebookAcc
Photo Credit : Soe Pyae Thazin FacebookAcc

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရယူထားနိုင်ခဲ့ပြီး အကယ်ဒမီဆုတွေကိုလည်း သိမ်းပိုက်ထားနိုင်ခဲ့တဲ့ သူမကတော့ မြင်ရသူတိုင်းရဲ့ ရင်ကိုအေးချမ်းစေတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားပါတယ်။ သူမကတော့ ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာထက် တင်ပေးလေ့ရှိပါတယ်။ ယနေ့လေးကတော့ စိုးပြည့်လေးရဲ့ မွေးနေ့လေးပဲဖြစ်ပြီး ချစ်ခင်ရသူတွေက မွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးထားကြပါတယ်။

Photo Credit : Soe Pyae Thazin FacebookAcc
Photo Credit : Soe Pyae Thazin FacebookAcc

သူမကတော့ ယခုမှာ အိမ်တစ်ခုလုံးပြည့်တဲ့အထိ ချစ်ရသူတွေပေးတဲ့ မွေးနေ့လက်ဆောင်ပစ္စည်းတွေကို တစ်ခုချင်းစီဖောက်ရင်း ပျော်ရွှင်နေခဲ့ပါတယ်။စိုးပြည်သဇင်ရဲ့ ချစ်စရာကောင်းလွန်းတဲ့ ဗီဒီယိုဖိုင်လေးဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် စိုးပြည့်သဇင်ရဲ့ မွေးနေ့လက်ဆောင်ပစ္စည်းတွေကို ဖောက်ကြည့်နေခဲ့တဲ့ ဗီဒီယိုဖိုင်လေးကိုပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။ 

Source : Soe Pyae Thazin Facebook Page 

Photo Credit : Soe Pyae Thazin FacebookAcc
Photo Credit : Soe Pyae Thazin FacebookAcc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။