ပရိသတ်ကြီးရေ.. စကားပြောချိုသာပြီး ချစ်စရာကောင်းသလို အနေအေးတဲ့ဟန်ပန်လေးတွေကြောင့်လည်း ပရိသတ်တွေ အချစ်ပိုနေကြရသူလေးကတော့ သရုပ်ဆောင်မင်းသမီးချောလေး ရွှေစင်ပဲ ဖြစ်ပါတယ်နော်..။

ဆွဲဆောင်မှုရှိတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားပြီး အနုပညာအလုပ်တွေကိုလည်း ဆက်တိုပ်ဆိုသလို လုပ်ဆောင်နေသလို မိဘတွေအပေါ်လည်း သိတတ်လိမ္မာသူလေးလည်း ဖြစ်ပါတယ်နော်..။

Photo Credit - Shwe Sin's Fb Account
Photo Credit - Shwe Sin's Fb Account

အခုတစ်ခါမှာလည်း ရွှေစင်လေးတစ်ယောက် ရန်ကုန်အဝင်အထွက်ပိတ်လိုက်လို့ အဝေးရောက်နေတဲ့ မိဘတွေကို စိတ်ပူနေတဲ့အကြောင်းလေးကို ပြောပြလာပါတယ်နော်..။

သူမကရန်ကုန်မှာဖြစ်ပေမယ့် မိဘတွေက မန္တလေးမှာ ရောက်နေတဲ့အကြောင်းလေးတွေကို ပြောပြီး Covid ကာလ ကျန်းမာရေးဂရုစိုက်ကြဖို့အတွက်လည်း ပရိသတ်တွေကို ရွှေစင်က ပြောပြထားတာပါ..။

Photo Credit - Shwe Sin's Fb Account
Photo Credit - Shwe Sin's Fb Account

"ဖေဖေမေမေက မန္တလေးအိမ်မှာဖြစ်တဲ့အတွက် ဖေဖေမမေကို အရမ်းစိတ်ပူတယ် အလုပ်တွေကမပြီးလို့ မသွားရဘူး မလုပ်မပြီးလည်း သွားတော့မယ်ဆိုတဲ့အချိန်မှာ ရန်ကုန်က အဝင်အထွက်ပိတ်လိုက်တယ် အရမ်းစိတ်ပူတယ် ဒါပေမယ့် ဖေဖေမေမေကို မနက်တစ်ခါ နေ့ခက်းတစ်ခါ ညတစ်ခါ တ်ရက်ကို သုံးခါ ဖုန်းခေါ်တယ် ဘယ်လိုလေးနေ ဘယ်လိုလေးစား ဆိုပြီး အမြဲတမ်းသတိပေးတယ်.." ဆိုပြီး ရွှေစင်က ပြောပြထားတာပါ..။

မိဘတွေအပြင်မထွက်ရတဲ့အချိန်မှာလည်း အလွမ်းပြေအောင် ဖုန်းပြောဖြစ်ပြီး မိသားစုကို ဂရုစိုက်ဖြစ်တဲ့အကြောင်းလေးတွေလည်း ပြောပြထားတဲ့ ရွှေစင်ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ဝေမျှလိုက်ပါတယ်နော်..။

Photo Credit - Shwe Sin's Fb Account

Photo Credit - Shwe Sin's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။