Photo credit - FlyToMoon and Natus Vincere

ပြီးခဲတဲ့ ရက်ပိုင်းလေးကမှ အသင်းရဲ့ အဓိက core players တွေဖြစ်တဲ့ Crystallize ,young G နဲ့ 9pasha တို့ကို inactive roster ကိုပို့ခဲ့တဲ့ Natus Vincere dota 2 team ကတော့ ဒီကနေ့မှာလည်း အသင်းရဲ့ roster ကိုထပ်မံပြောင်းလဲ ခဲ့ပါတယ်။

Navi ကတော့ အသင်းမှာ active players တွေအဖြစ်ကျန်ရှိနေတဲ့ Immersion နဲ့ illias တို့ကိုပါ inactive roster ကိုပို့ခဲ့ပါတယ်။

အဲ့ဒီနောက်အစားထိုးတဲ့အနေနဲ့ FlyToMoon ရဲ့ dota 2 roster တစ်ခုလုံးကို ပြန်လည်ခေါ်ယူခဲ့ပါတယ်။

ဒါ့ကြောင့် လက်ရှိဖြစ်လာတဲ့ Navi ရဲ့ dota 2 roster ကတော့

Po 1- V-Tune

Po 2- Iceberg

Po 3- GeneRaL

Po 4- RodjER

Po 5- ALWAYSWANNAFLY

တို့ပဲဖြစ်ပါတယ်။

Navi အခုခေါ်ယူခဲ့တဲ့ FlyToMoon ရဲ့ ဒီ roster ဟာ ပြီးခဲ့တဲ့ OMEGA League မှာတုန်းက immortal division ကဆင်းပေးခဲ့ရပေမယ့် divine division မှာ champion ဆုရယူထားနိုင်တဲ့ roster ပဲ ဖြစ်ပါတယ်။

ယခုနှစ်အတွင်းမှာ roster ပြောင်းလဲမှုတွေ ကြိမ်ဖန်များစွာ ပြုလုပ်နေတဲ့ Navi အနေနဲ့လည်း ဒီ roster အသစ်နဲ့ လျှောက်လှမ်းမယ့် ခရီးလမ်းတွေ အဆင်ပြေပါ့မလားဆိုတာကတော့ စောင့်ကြည့်သွားရမှာပါပဲ။

Source - Natus Vincere twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။