ရွှေကစ်လေးလို့ အားလုံးကချစ်စနိုးနဲ့ခေါ်ဝေါ်ကြတဲ့ မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ကတော့ အကယ်ဒမီဆုနှစ်ဆုတိတိ သိမ်းပိုက်ရရှိထားတဲ့ ပရိသတ်အချစ်တော်တစ်ယောက် ဖြစ်ပါတယ် ။ ရွှေကစ်လေးက အနုပညာလှုပ်ရှားမှုအနေနဲ့ ကြော်ငြာတွေ၊ Photo Shooting တွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးနေရတာလည်း ဖြစ်ပါတယ် ။ နှစ်အတော်ကြာအောင် အောင်မြင်မှုတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်တဲ့ ရွှေကစ်က ပရိသတ်တွေရဲ့အားပေးမှုကို အပြည့်အဝရရှိနေတာ ဖြစ်ပါတယ် ။

Photo Credit-Wutt Hmone Shwe Yi's FB Page
Photo Credit-Wutt Hmone Shwe Yi's FB Page
Photo Credit-Wutt Hmone Shwe Yi's FB Page

ရွှေကစ်က ဖြူဖွေးဝင်းဥတဲ့အသားအရေလေးကို ပိုင်ဆိုင်ထားသလို မျက်နှာလေးကလည်း အရမ်းကို ချောမောလှပနေတာ ဖြစ်ပါတယ် ။ အမြဲတမ်း ဆယ်ကျော်သက်အရွယ် လူငယ်လေးတစ်ယောက်လို နုပျိုလန်းဆန်းနေတဲ့ ရွှေကစ်က ဖက်ရှင်ပိုင်းမှာလည်း အမြင်ရှိသူလေးတစ်ယောက်ပါနော်။ ဒါကြောင့်ပဲ ရွှေကစ်လေးရဲ့ဖက်ရှင်တွေက သူမနဲ့ လိုက်ဖက်မှုရှိပြီး လူအများကြားမှာ ပေါ်လွင်လှပနေတာ ဖြစ်ပါတယ် ။

Photo Credit-Wutt Hmone Shwe Yi's FB Page
Photo Credit-Wutt Hmone Shwe Yi's FB Page
Photo Credit-Wutt Hmone Shwe Yi's FB Page

အခုလည်း ရွှေကစ်လေးက "အိမ်မှာ နေကြပါနော် ချစ်ရတဲ့သူတွေကို စိတ်ပူလို့ အိမ်မှာနေရင်း ဘာတွေလုပ်ဖြစ်နေကြလဲ" ဆိုပြီး ပုံအသစ်လေးတွေကို တင်ထားတာ ဖြစ်ပါတယ် ။ ရွှေကစ်ကတော့ T Shirt နဲ့ Jean Skirt အတိုလေးကို အတွဲညီညီဝတ်ဆင်ပြီးလွတ်လပ်ပေါ့ပါးတဲ့စတိုင်လ်လေးနဲ့ အရမ်းလှနေတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေမင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ရဲ့အလှပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Wutt Hmone Shwe Yi's FB Page 

Photo Credit-Wutt Hmone Shwe Yi's FB Page
Photo Credit-Wutt Hmone Shwe Yi's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။