ပရိသတ်ကြီးရေ မင်းသမီးချောနေခြည်ဦးကတော့ လတ်တလောမှာဆိုရင် ကြော်ငြာလေးတွေသာအနည်းငယ်ရိုက်ကူးပြီး အွန်လိုင်းပေါ်မှာလည်း ပရိသတ်တွေနဲ့အဆက်အသွယ်မပြတ်သွားအောင် ပိုစ့်လေးတွေအမြဲတင်နေတာဖြစ်ပါတယ်။နေခြည်ဦးက မိဘအိမ်ကိုပြန်ရောက်နေတာဖြစ်လို့ မိသားစုတွေစုံစုံလင်လင်နဲ့အရမ်းပျော်စရာကောင်းပါတယ်နော်။နေခြည်ဦးက မနက်တိုင်းလေ့ကျင့်ခန်းကို ပုံမှန်လုပ်ဆောင်ပြီး ပျော်ပျော်ရွှင်ရွှင်နေထိုင်နေတာဖြစ်ပါတယ်။

Photo Credit:Nay Chi Oo's Facebook Account
Photo Credit:Nay Chi Oo's Facebook Account

နေခြည်ဦးရဲ့ မေမေကလည်း အမြဲပျော်ပျော်နေတတ်ပြီး သားသမီးတွေကိုလည်း မေတ္တာအပြည့်နဲ့ဂရုစိုက်ပေးပါတယ်နော်။နေခြည်ဦးကတော့ မိသားစုထဲမှာ သမီးအကြီးဆုံးပီပီ မိဘကိုလည်းစောင့်ရှောက်သလို မောင်နှမတွေအပေါ်မှာလည်း အစ်မကြီးပီသပါတယ်။အခုဆိုရင်လည်း ဖခင်ရဲ့(၅၄)နှစ်ပြည့်မွေးနေ့မှာ မိသားစု သိုက်သိုက်ဝန်းဝန်းနဲ့ ပျော်ပျော်ပါးပါးဖြတ်သန်းခဲ့တာဖြစ်ပါတယ်နော်။

Photo Credit:Nay Chi Oo's Facebook Account
Photo Credit:Nay Chi Oo's Facebook Account

နေခြည်ဦးက မိဘနှစ်ပါးကိုလည်း ပိုက်ဆံတွေအထပ်လိုက်နဲ့ ကန်တော့ခဲ့တာကြောင့် ချီချီ့ရဲ့မေမေကတော့ အရမ်းပျော်ရွှင်နေတာဖြစ်ပါတယ်။အန်တီဆွေကလည်း သားသမီးတွေရှေ့မှာ Project Kကသလိုမျိုး ပျော်ပျော်ပါးပါးကပြနေတာဖြစ်ပါ‌တယ်နော်။ချီချီတို့မိသားစုလေးက စည်းစည်းလုံးလုံးနဲ့ အရမ်းပျော်ရွှင်နေကြတဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Nay Chi Oo's Facebook Account
Photo Credit:Nay Chi Oo's Facebook Account

Photo Credit:Nay Chi Oo's Facebook Account

Source&Video Credit:Nay Chi Oo's Facebook Mystory

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။