Photo credit - OG Twitter

OG ကတော့ ပြီးခဲ့တဲ့နာရီပိုင်းလေးကပဲ အသင်းရဲ့ roster update ကိုကြေညာခဲ့ပါတယ်။

OG ကြေညာခဲ့တာကတော့ ပြီးခဲ့တဲ့ရက်ပိုင်းလေးကပဲ သမီးဦးလေးကိုရရှိထားတဲ့ Topson ဟာ သူ့ရဲ့သမီးလေးနဲ့ ဇနီးသည်လေးကို ဂရုစိုက်ဖို့အတွက် ခွင့်ရက်အနည်းငယ် ယူသွားပါတယ်။

ဒါ့ကြောင့် Topson အနေနဲ့ မနက်ဖြန်စတင်ယှဥ်ပြိုင်ရမယ့် OGA Dota PIT Season 3 ကိုအသင်းနဲ့အတူ ဝင်ရောက်ယှဥ်ပြိုင်နိုင်မှာမဟုတ်ပါဘူး။

Topson မရှိတဲ့အချိန်မှာ အသင်းရဲ့ coach ဖြစ်သူ Sockshka က stand-in ဝင်ဆော့ပေးသွားမှာ ဖြစ်တယ် ဆိုတာပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် OGA Dota PIT Season3 ဝင်ရောက်ယှဥ်ပြိုင်မယ့် OG ရဲ့ roster ကတော့

Po 1- Midone

Po 2- Sockshka

Po 3- Ceb

Po 4- Saksa

Po 5- Notail

တို့ပဲ ဖြစ်ပါတယ်။

OG အနေနဲ့ ဒီ roster နဲ့အတူ မနက်ဖြန်မှာ OGA Dota PIT Season3 ထဲကပွဲစဥ်တစ်ပွဲအဖြစ် Alliance နဲ့ ယှဥ်ပြိုင်ကစားဖို့ ရှိနေပါတယ်။

Source - OG twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။