ပရိသတ်ကြီးရေ အဆိုတော်၊သရုပ်ဆောင်ဆန်းသစ်လကတော့ သူမကိုအရမ်းချစ်တဲ့ခင်ပွန်းကောင်းကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ဆန်းသစ်လကလည်း ပရိသတ်တွေအားပေးချစ်ခင်ရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး လက်ရှိမှာတော့ အနုပညာအလုပ်တွေနဲ့အလှမ်းဝေးကွာနေပါတယ်နော်။ဆန်းသစ်လက ချစ်ခင်ပွန်းနဲ့အတူ သာယာလှပတဲ့အိမ်ထောင်ရေးလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။

Photo Credit:San Thit La's Facebook Account
Photo Credit:San Thit La's Facebook Account

ဆန်းသစ်လကတော့ ပထမဆုံးရင်သွေးလေးကိုလည်းလွယ်ထားရတာကြောင့် အစစအရာရာဂရုစိုက်နေရတာဖြစ်ပါတယ်။သူမရဲ့ခင်ပွန်းကလည်း ကိုယ်ဝန်ဆောင်သည်ချစ်ဇနီးလေးကို အမြဲကြင်နာယုယပြီး ပြုစုစောင့်ရှောက်ပေးနေတာဖြစ်ပါတယ်။ဒီနေ့မနက်(၆)နာရီ(၄၄)မိနစ်မှာတော့ ဆန်းသစ်လက သမီးချောလေးကို အောင်မြင်စွာမွေးဖွားလိုက်နိုင်တာဖြစ်ပါတယ်နော်။

Photo Credit:Win Myat's Facebook Account
Photo Credit:San Thit La's Facebook Account
Photo Credit:Win Myat's Facebook Account

ဆန်းသစ်လရဲ့ခင်ပွန်းကတော့"ဦးလေးတွေ အန်တီတွေကနာမည်ဝိုင်းစဉ်းစားပေးတယ်...သမီးကတော့မရဘူးထွက်ချင်ပြီဆိုပြီး ဗုဒ္ဓဟူးနေ့ထွက်လာတယ်...ဘယ်လိုချစ်လို့ ချစ်မှန်းမသိဘူး...ရင်ထဲအသည်းထဲကလှိုက်နေအောင်ချစ်တယ်ဆိုတာ သမီးနဲ့မှပိုသိသလိုပဲမနက်(6)နာရီ(44)မိနစ် (23)ရက် September မှာ 8ပေါင်2အောင်စ ရှိတဲ့ ဖအေတူ ဗုဒ္ဓဟူးသမီးလေး မွေးပါပြီ။ချစ်စရာအရမ်းကောင်းတဲ့သမီးလေးအတွက်ကျေးဇူးပါ မိန်းမရေ...ပင်ပန်းသွားပြီမိန်းမကိုရော သမီးလေးကိုရော ပိုပိုပြီးချစ်ပါ့မယ်"ဆိုပြီး သူ့ရဲ့အပျော်တွေကို ရေးသားမျှဝေထားတာဖြစ်ပါတယ်။

Photo Credit:Win Myat's Facebook Account
Photo Credit:Win Myat's Facebook Account

Source&Photo Credit:Win Myat&San Thit La's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။