ပုရိသတွေ အားလုံးရဲ့ အပြတ်အသတ် ဝန်းရံအားပေးခြင်းခံနေရသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး ခေးဆက်သွင်ပဲ ဖြစ်ပါတယ်။ သူမဟာ ဗီဒီယိုဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ရာမှတစ်ဆင့် အနုပညာလောကထဲကို ဝင်ရောက်လာတာလည်း ဖြစ်ပါတယ်။ ဇာတ်ကားတိုင်းတွင် ပီပြင်ပိုင်နိုင်အောင် သရုပ်ဆောင်နိုင်တာကြောင့်လည်း ဝါရင့်အနုပညာရှင်တွေနဲ့ ချီးကျုးခြင်းကို ခံနေရသူ တစ်ယောက်ပါ။  

Photo Crd- Khay Sett Thwin’s Facebook Account
Photo Crd- Khay Sett Thwin’s Facebook Account
Photo Crd- Khay Sett Thwin’s Facebook Account

ခေးဆက်သွင်ဟာ လတ်တလော Stay Home ကာလမှာ သူငယ်ချင်းတွေနဲ့အတူ ဟင်းတွေချက်ကာ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးတွေ ဖြတ်သန်းကုန်ဆုံးလျက် ရှိနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ အဆက်သွယ်မပြတ်အောင်လည်း သူမရဲ့ လှုပ်ရှားမှုလေးတွေကို အမြဲတင်ဆက်ပေးနေတာလည်း ဖြစ်ပါတယ်။ မနေ့ညကလည်း ပရိသတ်တွေ တောင်းဆိုထားတဲ့ Tik Tok Video လေးတွေ တင်ပေးထားတာပဲ ဖြစ်ပါတယ်။

Photo Crd- Khay Sett Thwin’s Facebook Account
Photo Crd- Khay Sett Thwin’s Facebook Account
Photo Crd- Khay Sett Thwin’s Facebook Account

သူမကလည်း " ရှင်လေးတို့က Tik Tok တွေနဲ့ ထပ်ကပြပါဦး

ပြောလို့ အလိုလိုက်တယ်နော်

ကဖို့က ခေးတို့တာဝန် ချစ်ပေးဖို့က

ရှင်လေးတို့ တာဝန်

Khay Sett Thwin" ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် သူငယ်ချင်းတွေနဲ့အတူ စည်းချက်ကျကျ အပီအပြင်ကိုလှုပ်ခါရမ်းပြီး ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင်ကနေတဲ့ခေးဆက်သွင်ရဲ့Tik Tok Video လေးတွေကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Khay Sett Thwin’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။