မင်းသမီးချောလေး ဖြူဖြူထွေးကတော့ ဟာသဗီဒီယိုလေးတွေ စတင်ရိုက်ကူးခဲ့ရင်း ပရိသတ်တွေရဲ့အားပေးမှုကိုရရှိကာ အောင်မြင်လာခဲ့တာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းမှာတော့ ဖြူဖြူထွေးက သရုပ်ဆောင်အလုပ်ကို ကြိုးစားပမ်းစားလုပ်ကိုင်ခဲ့တာဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်ခဲ့ရတာ ဖြစ်ပါတယ် ။ လက်ရှိအချိန်မှာတော့ ဖြူဖြူထွေးက ကြော်ငြာတွေ မနားတမ်းရိုက်ကူးပြီး လူသိများကျော်ကြားနေတာပဲ ဖြစ်ပါတယ် ။

Photo Credit-Amazing Grace
Photo Credit-Amazing Grace
Photo Credit-Amazing Grace

မာန်မာနကင်းပြီး ဖြူစင်တဲ့အပြုံးလှလှလေးတွေကို ပိုင်ဆိုင်ထားတဲ့ ဖြူဖြူထွေးက အမြဲတမ်းလိုလို ရယ်မောပျော်ရွှင်နေတတ်တာပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် ပိန်ပိန်သွယ်သွယ် Body လေးကို ပိုင်ဆိုင်ထားတဲ့ ဖြူဖြူထွေးက ဘယ်လိုဖက်ရှင်မျိုးနဲ့မဆို လိုက်ဖက်စွာလှနေသူလေး ဖြစ်ပါတယ် ။ အခုလည်း ဖြူဖြူထွေးက အရမ်းလန်းလွန်းတဲ့ဖက်ရှင်လေးကို ဝတ်ဆင်ပြီး အပီအပြင် Tik Tok ကစားပြထားတာ ဖြစ်ပါတယ် ။

Photo Credit-Phyu Phyu Htwe's FB Acc
Photo Credit-Phyu Phyu Htwe's FB Acc
Photo Credit-Phyu Phyu Htwe's FB Acc

အမိုက်စားကကွက်လေးတွေနဲ့ စည်းချက်ကျကျလှုပ်ခါပြီး အားရပါးရကပြထားတဲ့ ဖြူဖြူထွေးကတော့ ဆွဲဆောင်မှုရှိရှိလှနေတာလည်း ဖြစ်ပါတယ် ။ ဒါ့အပြင် ဖြူဖြူထွေးက အသည်းယားစရာကောင်းတဲ့ ဟန်ပန်အမူအရာလေးတွေနဲ့ ပရိသတ်တွေကြွေသွားလောက်အောင် ဖမ်းစားနိုင်တာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဖြူဖြူထွေးရဲ့ Tik Tokဗီဒီယိုလေးတွေကို အောက်မှာ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Phyu Phyu Htwe's Tik Tok Acc

@phyuhtwe777

Worth it (Remix) - Austin Ong
@phyuhtwe777

original sound - Phyu Phyu Htwe Fan

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။