ပရိသတ်ကြီးရေ မင်းသမီး စိုးပြည့်သဇင် ကတော့ အနုပညာနယ်ပယ်မှာ အောင်မြင်မှုတွေနဲ့ အကောင်းဆုံးလျှောက်လှမ်းနေတဲ့ ထိပ်တန်းအနုပညာရှင်တွေထဲမှာ တစ်ယောက်အပါဝင်ပဲဖြစ်ပါတယ်။ သူမဟာ ဗီဒီယိုဇာတ်ကားတွေနဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေကို များစွာရိုက်ကူးထားပြီး ဘယ်လိုဇာတ်ကောင်မျိုးတွေပဲဖြစ်ဖြစ် သဘာဝကျကျ ပီပြင်အောင်သရုပ်ဆောင်နိုင်တာကြောင့် အကယ်ဒမီဆုကိုလည်း ထိုက်ထိုက်တန်တန်ရရှိခဲ့ပါတယ်။

Photo Credit - Soe Pyae Thazin fb Account
Photo Credit - Soe Pyae Thazin fb Account
Photo Credit - Soe Pyae Thazin fb Account

စိုးပြည့်သဇင် ဟာ စိတ်သဘောထားပြည့်ဝပြီး သူတစ်ပါးပေါ်မှာလည်း အမြဲကူညီတတ်တဲ့ စိတ်ထားလေးကြောင့် လူများရဲ့ ချစ်ခင်ခြင်းကို အပြည့်အဝရရှိထားတာဖြစ်ပါတယ်။ ယခုမှာဆိုရင် စတင်ဘာလ ၂၂ ရက်နေ့က ပရိသတ်တွေရဲ့ အချစ်တော်လေး စိုးပြည့်သဇင်ရဲ့ အသက် ၂၈ နှစ်ပြည့် မွေးနေ့ လေးပဲဖြစ်ပါတယ်။ သူမရဲ့မွေးနေ့ပွဲလေးကိုတော့ ကပ်ရောဂါတိုက်ဖျက်ရေး အချိန်ကာလ ဖြစ်တာကြောင့် အိမ်မှာ ချစ်ရတဲ့ သူတွေနဲ့ ရိုးရိုးရှင်းရှင်းကျင်းပခဲ့ပြီး အမှတ်တရ ပုံလေးတွေကိုလည်း ပရိသတ်တွေ အတွက်တင်ပေးလာခဲ့ပါတယ်။

Photo Credit - Soe Pyae Thazin fb Account
Photo Credit - Soe Pyae Thazin fb Account
Photo Credit - Soe Pyae Thazin fb Account

ဒီပုံလေးတွေကတော့ မွေးနေ့ရဲ့ ညပိုင်းမှာဆိုရင် အိမ်က မိသားစုဝင်တွေနဲ့ ပျော်ပျော်ပါးပါး ကြည်နူးစရာ မွေးနေ့ကိတ်ခွဲခဲ့တဲ့ ပုံလေးတွေပဲဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့ လည်း စိုးပြည့်သဇင် က " Happy birthday to me ကိတ်ခွဲပြီးဆော့ " ဆိုပြီး ရေးသားဖော်ပြပေးထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ အသက် ၂၈နှစ်ပြည့်မွေးနေ့လေးကို ရိုးရိုးရှင်းရှင်းလေးနဲ့ ကျင်းပခဲ့တဲ့ စိုးပြည့်သဇင် ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြလိုက်ပါတယ်။

Photo Credit - Soe Pyae Thazin fb Account
Photo Credit - Soe Pyae Thazin fb Account

Photo Credit - Soe Pyae Thazin fb Account

Source - Soe Pyae Thazin fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။