ဒါရိုက်တာကိုပေါက်ကတော့ အနုပညာအလုပ်တွေကို အချိန်အတော်ကြာလုပ်ကိုင်လျက်ရှိနေခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်အဖြစ် ရပ်တည်ထားနိုင်ခဲ့ပါတယ်။ အေးချမ်းသာယာတဲ့ မိသားစုလေးကို တည်ဆောက်ထားနိုင်တဲ့ ကိုပေါက်ကတော့ ချစ်စရာကောင်းတဲ့ သားလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားပြီး မိသားစုနဲ့အတူ ပျော်ရွှင်စရာအချိန်တွေကိုအတူဖြတ်သန်းလျက်ရှိနေခဲ့တာပဲဖြစ်ပါတယ်။

Photo Credit : Aung Min Naing 's Facebook Acc
Photo Credit : Aung Min Naing 's Facebook Acc

ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ရိုက်ကူးလျက်ရှိနေခဲ့တဲ့ ကိုပေါက်ကတော့ ရယ်မောစရာကောင်းတဲ့ Tiktokလေးတွေကို ဆော့ကစားလေ့ရှိပြီး အဆိုပါဗီဒီယိုဖိုင်လေးဟာ လူကြိုက်များလျက်ရှိကာ ကြည့်ရူသူတွေလည်း များပြားလျက်ရှိနေပါတယ်။ကိုပေါက်ကတော့ ယခုမှာ အပေါ့သွားရန်ပြင်နေချိန် လှမ်းအော်တဲ့အသံကြောင့် ရှက်ရမ်းရမ်းပြီးပန်းပင်တွေဝါးစားနေခဲ့ရတဲ့ အခွီTiktokလေးကို ပရိသတ်တွေရှေ့ ချပြလာခဲ့ပါတယ်။ 

Photo Credit : Aung Min Naing 's Facebook Acc
Photo Credit : Aung Min Naing 's Facebook Acc

ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရယူထားနိုင်တဲ့ ကိုပေါက်ကတော့ "ဖြည်းဖြည်းအော်လဲ ရပါတယ်ဟယ် နင်ကလည်း "ဆိုပြီး ရယ်မောစရာ​ကောင်းတဲ့ Tiktokဗီဒီယိုဖိုင်လေးနဲ့အတူ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် အူတတ်အောင်ရယ်နေရတဲ့ ကိုပေါက်ရဲ့ Tiktokဗီဒီယိုဖိုင်လေးကိုပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါTiktokဗီဒီယိုဖိုင်လေးကိုအောက်မှာကြည့်နိုင်ပါတယ်။

Source : Aung Min Naing  's Facebook Acc

Photo Credit : Aung Min Naing 's Facebook Acc
Photo Credit : Aung Min Naing 's Facebook Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။