ချစ်ရတဲ့ ပရိသတ်ကြီးရေ... သဲကိုးလေးရဲ့ မေမေ သရုပ်ဆောင် ပိုးအိအိခန့်ကတော့ အရင်က တစ်ခါမှ မတင်ဖူးတဲ့ အမှတ်တရပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်နော်။ အနုပညာလောကမှာ နေရာတစ်ခုကို အခိုင်အမာရရှိထားတဲ့ ပိုးအိအိခန့်က သားသားလေး သဲကိုးကို မွေးဖွားပြီး နောက်ပိုင်းမှာ အနုပညာလှုပ်ရှားမှုတွေကို ခေတ္တခဏ ရပ်နားထားတာပါ။ 

Photo credit - Poe Ei Ei Khant's Facebook Page
Photo credit - Poe Ei Ei Khant's Facebook Page

ခင်ပွန်းဖြစ်သူ နိုင်ငံကျော် ဘောလုံးကစားသမား အောင်သူကလည်း သူမအပေါ် အရာရာကို နားလည်သိတတ်ပြီး အလိုလိုက် ကြင်နာသူဖြစ်လို့ အမြဲ စိတ်ချမ်းသာပျော်ရွှင်နေတာလည်း ဖြစ်ပါတယ်။ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်တဲ့ ပိုးအိကို မိန်းကလေးပရိသတ်တွေက အားကျအချစ်ပိုနေတာကိုလည်း တွေ့ရပါတယ်။ မကြာခဏဆိုသလို မိသားစုလှုပ်ရှားမှုပုံရိပ်လေးတွေကို လူမှုကွန်ယက် စာမျက်နှာထက်မှာ တင်ပေးလေ့ရှိတဲ့ ပိုးအိက ယနေ့မှာတော့ သူမရဲ့ ယခင်က ပုံလေးတွေကို တင်ပေးလာခဲ့တာပဲ ဖြစ်ပါတယ်။

Photo credit - Poe Ei Ei Khant's Facebook Page
Photo credit - Poe Ei Ei Khant's Facebook Page

ပိန်ပါးသေးသွယ်နေတဲ့ ကိုယ်ခန္ဓာလေးနဲ့ ဆံနွယ်ရှည်လေးတွေက လိုက်ဖက်လှပနေပြီး ကျော့ရှင်းနေခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ တစ်ခါမှ မမြင်ဖူးသေးတဲ့ ပိုးအိအိခန့်ရဲ့ အပျိုဘဝက ပုံလေးတွေအပြင် " အရင်ကလို ဘောလုံးကွင်းထဲ ပြန်သွားကြည့်ချင်ပြီ " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်.....။

Photo credit - Poe Ei Ei Khant's Facebook Page
Photo credit - Poe Ei Ei Khant's Facebook Page

Source & Photo credit - Poe Ei Ei Khant's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။