ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ အနုပညာအလုပ်တွေကို အခက်အခဲမရှိ လုပ်ကိုင်နေသူကတော့ ညီညီမောင်(စမ်းချောင်း) ပဲ ဖြစ်ပါတယ်။ သူမဟာ Make-Up Artist တစ်ယောက်ဖြစ်ရုံသာမကဘဲ ရုပ်ရှင်ဇာတ်ကားများလည်း ရိုက်ကူးနေပြီပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူမရိုက်ကူးတဲ့ ကြော်ငြာလေးတွေကလည်း ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးမှုတွေကို ရရှိထားတာလည်း ဖြစ်ပါတယ်။

Photo Crd- Nyi Nyi Maung’s Facebook Account
Photo Crd- Nyi Nyi Maung’s Facebook Account
Photo Crd- Nyi Nyi Maung’s Facebook Account

သုသုဟာ လူတိုင်းအပေါ်ကို စိတ်ကောင်းစေတနာ ထားတာကြောင့်လည်း အနုပညာရှင် အချင်းချင်းကတောင် ချစ်နေရတာလည်း ဖြစ်ပါတယ်။ သူမဟာ ဟာသဉာဏ်ရွှင်လွန်းသူ တစ်ယောက်ဖြစ်ပြီး မကြာခဏဆိုသလိုလည်း အခွီဗီဒီယိုလေးတွေ ရိုက်ကူးကာ ဝေမျှပေးလေ့ ရှိတာလည်း ဖြစ်ပါတယ်။ သူမရဲ့ Tik Tok Video လေးတွေကိုလည်း ပရိသတ်တွေက မကြည့်ရရင် မနေနိုင်အောင်ကို အားလုံးရဲ့ ချစ်ခင်မှုတွေကို သိမ်းပိုက်ထားတာပါ။

Photo Crd- Nyi Nyi Maung’s Facebook Account
Photo Crd- Nyi Nyi Maung’s Facebook Account
Photo Crd- Nyi Nyi Maung’s Facebook Account

မနေ့ညကလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ သီချင်းတီးလုံးအတိုင်း အမိုက်စားကကွက်တွေနဲ့ ကြည့်မိသူတိုင်း ကြွေသွားလောက်အောင် ကနေတဲ့ သုသုရဲ့ Tik Tok Video လေးပဲ ဖြစ်ပါတယ်။ သူမကလည်း " နည်းနည်းပါးပါး ကတတ်နေပါပြီနော် " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် သုသုရဲ့ အမိုက်စား Tik Tok Video လေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Nyi Nyi Maung’s Facebook Account And Tik Tok Account  

@63265978

♬ How You Like That - BLACKPINK

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။