ချစ်ရတဲ့ ပရိသတ်ကြီးရေ... မနဲ့မောင် စုံတွဲလေးဖြစ်လို့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို တစ်ခဲနက်ရရှိထားတဲ့ ဘေဘီမောင်နဲ့ သားဂန်းတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်​ယောက် အပြန်အလှန် နားလည်မှုရှိပြီး သစ္စာရှိရှိနဲ့ လက်တွဲလာခဲ့တာ ယခုဆိုရင် Relationship သက်တမ်းအတော်ကြာပြီပဲ ဖြစ်ပါတယ်။ အနုပညာနယ်ပယ် အသီးသီးမှာ အောင်မြင်မှုတွေ များစွာရရှိထားတဲ့ သူတို့နှစ်ယောက်က ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတာလည်း ဖြစ်ပါတယ်။ 

Photo credit - Thar Gan's Facebook account
Photo credit - Thar Gan's Facebook account

လက်ရှိ Covidကာလမှာတော့ အနုပညာလှုပ်ရှားမှုတွေ နည်းပါးနေတာကြောင့် ဘေဘီရဲ့ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းလေးကို ချစ်သူ သားဂန်းက ကူညီလုပ်ကိုင်ပေးနေတာလည်း တွေ့ရပါတယ်။ ကြည်နူးစရာကောင်းပြီး စိတ်ချမ်းသာပျော်ရွှင်နေတဲ့ အမြဲ နှစ်ယောက်အတူ ပုံရိပ်လေးတွေကို ပရိသတ်တွေဆီ ဝေမျှပေးလေ့ရှိတဲ့ သူတို့ကို လူငယ်ပရိသတ်တွေက အားကျချစ်ခင်နေတာ အ​သေအချာပါပဲနော်။ 

Photo credit - Thar Gan's Facebook account
Photo credit - Thar Gan's Facebook account

ယနေ့မှာလည်း သားဂန်းက ချစ်သူလေး ဘေဘီမောင်ရဲ့ သေးသွယ်သွယ်ခါးလေးကို နောက်ကနေ ကြင်ကြင်နာနာဖက်ရင်း ကြည်နူး အချစ်ပိုနေတဲ့ ပုံလေးတွေကို တင်ပေးလာတာပါ။ ကြည့်မိသူတိုင်း အားကျအချစ်ပိုစေလောက်တဲ့ မနဲ့မောင်ရဲ့ စုံတွဲပုံလေးဖြစ်တာကြောင့် ပရိသတ်တွေဆီ ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။ ကဲ...ချစ်ရတဲ့ ပရိသတ်ကြီးကလည်း ဘေဘီနဲ့ သားဂန်းရဲ့ ပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ တောင်းဆိုလိုက်ပါတယ်နော်......။

Photo credit - Thar Gan's Facebook account
Photo credit - Thar Gan's Facebook account

Photo credit - Thar Gan's Facebook account 

Source - Thar Gan's Facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။