ပရိသတ်ကြီးရေ မင်းသားကြီး နေမျိုးအောင်ဟာ တစ်ခေတ်တခါက အနုပညာနယ်ပယ်မှာ လူကြီးလူငယ်မရွေး အားပေးချစ်ခင်ခံရတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ နေမျိုးအောင်ရဲ့ သရုပ်ဆောင်ပိုင်းမှာလည်း ဘယ်လိုဇာတ်ကောင်တွေမဆို သဘာဝကျကျ ပီပြင်အောင် သရုပ်ဆောင်နိုင်တာကိုလည်းတွေ့ရပါတယ်။ လက်ရှိမှာတော့ သူဟာ အနုပညာအလုပ်တွေကို အရင်ကထက် မလုပ်ကိုင်တော့ပေမယ့်လည်း အနည်းအကျဉ်းမျှသာလုပ်ကိုင်နေတာကိုလည်းတွေ့ရပါတယ်။

Photo Credit - Nay Myo Aung fb account
Photo Credit - Nay Myo Aung fb account

နေမျိုးအောင်က သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကိုလည်း ပိုင်ဆိုင်ထားပြီး ဘဝကိုအေးအေးချမ်းချမ်း နဲ့ ဖြတ်သန်းနေထိုင်နေတာပဲဖြစ်ပါတယ်။ လတ်တလောမှာလည်း သူတို့မိသားစုက ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းကိုသာ လုပ်ကိုင်နေပြီး နေ့စဥ်လှုပ်ရှားမှုပုံရိပ်လေးတွေကိုလည်း အမြဲပရိသတ်တွေကိုဖော်ပြပေးပါတယ်။ ယခုမှာလည်း မင်းသားကြီး နေမျိုးအောင် ရဲ့ လူမှုကွန်ယက်စာမျက်နှာ ကြည်နူးစရာကောင်းတဲ့ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Nay Myo Aung fb account
Photo Credit - Nay Myo Aung fb account

ဒီပုံလေးတွေကတော့ နေမျိုးအောင် က ဇနီးချောလေးနဲ့ အရင်ခရီးသွားခဲ့တုန်းက ကြည်နူးစရာပုံလေးတွေအပြင် မိသားစုလိုက်ရိုက်ထားတဲ့ ပုံလေးတွေပဲဖြစ်ပါတယ်။ ဒါ့အပြင် ဒီပုံလေးတွေကလည်း တကယ့်ကို သာယာပျော်ရွှင်စရာကောင်းတဲ့ ပုံလေးတွေဖြစ်ပြီး ပရိသတ်လည်း သဘောကျစေမှာအမှန်ပါနော်...။ ကဲ...ချစ်ပရိသတ်ကြီးရေ မင်းသားကြီး နေမျိုးအောင်ရဲ့ အရင်က ကြည်နူးစရာကောင်းတဲ့ အမှတ်တရပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Nay Myo Aung fb account
Photo Credit - Nay Myo Aung fb account

Photo Credit - Nay Myo Aung fb account

Source - Nay Myo Aung fb account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။