အနုပညာအလုပ်တွေကို အတူတကွ လုပ်ကိုင်ရင်း ပရိသတ်တွေ အခိုင်အမာအားပေးဝန်းရံမှုတွေကို ရရှိထားသူကတော့ အဆိုတော် ရွှေထူးနဲ့ သရုပ်ဆောင် မင်းသမီးချောလေး ရွှေမှုံရတီတို့ ဇနီးမောင်နှံပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ အောင်မြင်တဲ့ အနုပညာရှင်တွေအဖြစ် ရပ်တည်လျက်ရှိနေတာပဲ ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်လည်း မျက်စိအောက်က အပျောက်မခံနိုင်အောင်ကို ချစ်ကြတာကြောင့် အားလုံးက အားကျနေကြတာလည်း ဖြစ်ပါတယ်။

Photo Crd- Htoo Khant’s Facebook Account
Photo Crd- Htoo Khant’s Facebook Account
Photo Crd- Htoo Khant’s Facebook Account

မကြာသေးခင်က ကျရောက်ခဲ့တဲ့ ​ ရွှေထူးရဲ့ မွေးနေ့လေးကို ချစ်ဇနီးလေးက ကိုယ်တိုင်ကိတ်မုန့်ပြင်ဆင်ကာ နေအိမ်မှာဘဲ ပျော်ရွှင်စွာ ကျင်းပခဲ့ကြတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ သူတို့နှစ်ယောက်လုံး အနုပညာလှုပ်ရှားမှုတွေ မရှိသေးဘဲ အိမ်မှာဘဲ အချစ်တော်ခွေးလေးတွေနဲ့အတူ ပျော်စရာကောင်းတဲ့ အချိန်လေးတွေ ဖြတ်သန်း ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ မနေ့ညကလည်း ရွှေထူးရဲ့ Facebook Story မှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။

Photo Crd- Htoo Khant’s Facebook Account
Photo Crd- Htoo Khant’s Facebook Account
Photo Crd- Htoo Khant’s Facebook Account

ဒါကတော့ ချစ်ဇနီးလေးရဲ့လှုပ်ရှားမှုတိုင်းကိုဗီဒီယိုလေးတွေရိုက်ကူးပြီး အရမ်းတွေ ချစ်မဝဖြစ်နေတာပဲ ဖြစ်ပါတယ်။ ရွှေမှုံကလည်း ချစ်ခင်ပွန်းအပေါ်လိုလေသေးမရှိအောင် ဂရုစိုက်မှုတွေကြောင့် ပရိသတ်တွေအားလုံးကပါ ချီးကျုးနေကြတာပါ။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ရွှေမှုံရတီရဲ့ ဗီဒီယိုလေးကိုပါ တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Htoo Khant’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။