ချစ်သုဝေတို့ဇနီးမောင်နှံဟာ ပရဟိတအလုပ်တွေကိုလည်း အားတက်သရောလုပ်ဆောင်လေ့ရှိကြသူတွေဖြစ်ပြီး ခေတ်သစ်ဖောင်ဒေးရှင်းကိုလည်းတည်ထောင်ထားတာဖြစ်ပါတယ်။ အခုဆိုရင်လည်းခေတ်သစ်ဖောင်ဒေးရှင်းဟာ လတ်တလောကြုံတွေ့နေရတဲ့ ရောဂါအခြေအနေတွေအတွက် ၀မ်းမြောက်စရာအလှူဒါနတစ်ခုကို ပြုလုပ်လိုက်ပြန်တာလည်းဖြစ်ပါတယ်။ အာ့ဒါကတော့ "ဒီနေ့ ရိုးမဘက် ခေတ်သစ်ဖောင်ဒေးရှင်းကအလှူ ကိုယ်တိုင်သွားခဲ့တယ်အဝတ်အခြောက်ခံစက် 9လုံးရယ် scrub suit အစုံ120 ရယ် အစားအသောက်တွေရယ် နဲ့..ဆရာနဲ့ လူကိုယ်တိုင်တွေ့ရတော့ထပ်လိုတာတွေလည်းသိခဲ့ရ...ရေးချင်တာ ခုမှစမှာပါ...ရိုးမ ယာယီဆေးရုံမှာတော်တော်ကို ဖြည့်ဆည်းပေးထားတာပါ airconတွေလည်းရှိနေပြီဆေးရုံအုပ် ဆရာကြီးနဲ့ပြောခွင့်ရလာတော့ လူနာတွေအဆင်ပြေစေဖို့ အဖက်ဖက်က စဉ်းစားပေးထားတာကို အားနာစွာနဲ့ပဲ ကြား လာရတယ်။ ဆေးလည်းကု နေရေးထိုင်ရေးဝမ်းရေး စိတ်ချမ်းသာပျော်ရွှင်ရေး အရာရာကိုပါ စဉ်းစားပြီး ပြောပြနေတာ...ထပ်ဖြည့်တင်းမယ့်အင်အားတွေရော..အရာရာပေါ့..တို့မြန်မာပြည်လေးက ငွေကြေးကြွယ်ဝတဲ့တိုင်းပြည်မဟုတ်ပေမယ့် နိုင်ငံတော်က အကောင်းဆုံးတွေလုပ်ပေး အလှူရှင်တွေက အင်ပြည့်အားပြည့်ဖြည့်တင်းနဲ့ တကယ့်ကို အံ့သြကြည်နူးစရာပါ စေတနာတွေ ကူညီရိုင်းပင်းမှူတွေ မေတ္တာတွေ အင်မတန်မှချမ်းသာတာပါတကား.........။

Photo credit-Chit Thu Wai's Facebook acc
Photo credit-Chit Thu Wai's Facebook acc

ဒီတော့ ကိုယ်တွေဘာလုပ်နိုင်မလဲ??Maskတပ်ပါ၊ စနစ်တကျတပ်ပါ၊ စကားပြောလည်းတပ်ပါ၊ အသက်ရှုကျပ်လည်းတပ်ပါ၊၊ မေးမချိတ်ပါနဲ့ ၊တပ်ပြီးသေချာစွန့်ပစ်ပါ တစ်ခါသုံးတွေဆို အသစ်လဲပါ..ကိုယ်တပ်ထားတဲ့maskမှာပိုးတွေရှိတယ်လို့သာတွေးပါ...လက်ကိုဆပ်ပြာနဲ့စက္ကန့်၂၀ကြာဆေးပါ၊ စိတ်ထဲသံသယရှိတာနဲ့ဆေးပါအိမ်အဝင်အထွက် လူရော ပစ္စည်းရောပိုးရှိသကဲ့သို့ ဆက်ဆံပါ၊ လူဆို အပြင်ကပြန်လာ ခေါင်းလျော် ရေချိုး တကိုယ်ရည်ပစ္စည်း တွေပိုးသတ်၊ အစားအသောက်အသုံးအဆောင် ဆေးဖြန်းလို့ရတာ ဖြန်း နေလှမ်း ဆပ်ပြာနဲ့ဆေးချလို့ရတာဆေး၊ အစားအသောက် တွေကိုမရဘူးမှာစားမှာပဲဆိုရင် ပြန်နွှေး ပြန်ပေါင်းပြန်ကြော် ပြန်ပြုတ်...ကိုယ်မမြင်ရတာဘာမှမယုံနဲ့...ဘာကျန်သေးလဲ??သြော်...သည်းခံရမယ်...ဘယ်လိုသည်းခံရမလဲဆိုတော့အစွမ်းကုန်သည်းခံရမယ်.....တကယ်ပါ ခုဟာကလေ ကိုယ့်နိုင်ငံအတိုင်းအတာနဲ့ဖြည့်ဆည်းပေးတာတွေကမတရားကိုကောင်းမွန်တာပါ......။

Photo credit-Chit Thu Wai's Facebook acc
Photo credit-Chit Thu Wai's Facebook acc

"ဘာကြောင့်ဆို..လွန်ခဲ့တဲ့ 14နှစ် treza မြောက်ဉက္ကလာမှာ house surgeonဆင်းရတုန်းက အိပ်ရတဲ့ ကျောခင်းရတဲ့ အခန်းလေး အဲ...နေရာလေးဆိုပိုမှန်... ပြချင်တယ်...Postingတစ်ခုလုံးနေရတာနော် day night dutyတွေဆင်းပြီးရင် အဲ့အလုံပိတ် အခန်းထဲ...airconမရှိ ဆေးရုံ သံကုတင်လေး အခန်းတံခါးလေး ဖွင့်ရင် အိမ်သာ အနံလေးတွေက ကြူကြူမွှေးအဲ ကိုယ်လည်း အဲ့ အိမ်သာ ရေချိုးခန်း လူနာwardထဲကဟာ ပဲသုံးရတာပဲ..မောပမ်းလွန်းဘယ်လိုအိပ်ပျော်မှန်းမသိ ခြင်ထောင်လေးမထောသ်မိရင် ခြင် အချီမခံသွားရတာကံကောင်း NAလာရင် ကောက်ထ..ဖယောင်တိုင်နဲ့ injectionလိုက်ထိုး... အဟေး..ပြောရင်းတောင်အရမ်းလွမ်းသွားပြီ...တော်သေးပြီ..ကလေး လည်းနိုးတော့မယ်နောက်postကျမှ ဆက်ရေးတော့မယ်နော်....." ဆိုပြီး ချစ်သုဝေဟာ သူမရဲ့ Facebookစာမျက်နှာမှာ ရေးပေးလာပါတယ်။ ကဲ......ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Chit Thu Wai's Facebook acc
Photo credit-Chit Thu Wai's Facebook acc

Source-Chit Thu Wai's Facebook acc

Photo credit-Chit Thu Wai's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။