ချစ်ရတဲ့ ပရိသတ်ကြီးရေ... သရုပ်ဆောင် မင်းသမီးချော ချောရတနာကတော့ ကိုယ်ပိုင်မိသားစုဘဝလေးကို တည်ဆောက်ထားပြီး စိတ်ချမ်းသာပျော်ရွှင်နေတာပဲ ဖြစ်ပါတယ်။ 

အိမ်ထောင်ဦးစီးကောင်းပီသတဲ့ ခင်ပွန်းကြောင့် အမြဲ ကြည်နူးနေရပြီး သူမအပေါ်ကိုလည်း အလိုလိုက်အချစ်ပိုတာဖြစ်လို့ တစ်နေ့တခြား အလှတွေပိုလာတာကိုလည်း တွေ့ရပါတယ်။

Photo credit - Chaw Yadanar 's FB account
Photo credit - Chaw Yadanar 's FB account

အသည်းယားအချစ်စရာကောင်းပြီး ယဥ်ကျေးလိမ္မာတဲ့ သူမရဲ့ သားသားလေးနဲ့ မီးမီးလေးကိုလည်း ပရိသတ်တွေက အချစ်ပိုနေကြတာပါ။ 

အိမ်ထောင်ပြုပြီးနောက်ပိုင်းမှာ အနုပညာလှုပ်ရှားမှုတွေကို အရင်ကလောက် မလုပ်ဖြစ်တော့ပေမယ့် ကြော်ငြာလေးတွေနဲ့ photo shooting တွေကို လက်ခံရိုက်ကူးနေတာလည်း ဖြစ်ပါတယ်။

Photo credit - Chaw Yadanar 's FB account
Photo credit - Chaw Yadanar 's FB account

သူမရဲ့ ပျော်ရွှင်စရာမိသားစု ပုံရိပ်လေးတွေကို လူမှုကွန်ယက် စာမျက်နှာက တစ်ဆင့် ပရိသတ်တွေဆီ ဝေမျှပေးလေ့ရှိတဲ့ ချောရတနာက ယနေ့မှာလည်း သားသားနဲ့ မီးမီးလေးရဲ့ အလည်မှာ ပိုစ့်ပေးနေတဲ့ ပုံလေးတွေကို တင်ပေးလာတာပါ။ နှုတ်ခမ်းလေးတွေကို ဆူကာ အသည်းယားစရာကောင်းလောက်အောင် ပိုစ့်ပေးဓါတ်ဖမ်းနေတဲ့ ချောရတနာတို့ သားအမိသုံးယောက်ရဲ့ ပုံလေးတွေကို ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်... ။

Photo credit - Chaw Yadanar 's FB account
Photo credit - Chaw Yadanar 's FB account

Photo credit - Chaw Yadanar 's FB account 

Source - Chaw Yadanar 's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။