မင်းသားချောလေး စွမ်းဇာနည်ကတော့ ဇာတ်သဘင်လောကမှာရော အနုပညာလောကမှာပါ အောင်မြင်နေသူလေး ဖြစ်ပါတယ် ။ တစ်ချိန်က ဗီဒီယိုဇာတ်ကားတွေများစွာရိုက်ကူးခဲ့တဲ့ စွမ်းဇာနည်က ပရိသတ်တွေရဲ့ရင်ထဲမှာ စွဲစွဲမြဲမြဲနေရာယူခဲ့တာ ဖြစ်ပါတယ် ။ အထူးသဖြင့် ချောမောခန့်ညားတဲ့ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့ စွမ်းဇာနည်က မိန်းကလေးပရိသတ်တွေကြားမှာ သည်းသည်းလှုပ်ရေပန်းစားနေတာလည်း ဖြစ်ပါတယ်။

Photo Credit-Swan Zarni's FB Acc
Photo Credit-Swan Zarni's FB Acc
Photo Credit-Swan Zarni's FB Acc

ပရိသတ်အချစ်တော် စွမ်းဇာနည်က သရုပ်ဆောင်ပိုင်းမှာထူးချွန်တဲ့အပြင် အဆိုပိုင်းမှာလည်း ပါရမီရှိသူလေး ဖြစ်ပါတယ် ။ ဒါကြောင့်လည်း စွမ်းဇာနည်က အသံချိုချိုအေးအေးလေးနဲ့ တေးသီချင်းတွေကို ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်စွမ်းရှိတာ ဖြစ်ပါတယ် ။ မနေ့ကတော့ စွမ်းဇာနည်က သူ့ကိုလွမ်းနေတဲ့ ချစ်ပရိသတ်အတွက် Facebook မှာ Live လွှင့်ပြီး သီချင်းဆိုပြခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Swan Zarni's FB Acc
Photo Credit-Swan Zarni's FB Acc
Photo Credit-Swan Zarni's FB Acc

စွမ်းဇာနည်က Live လွှင့်ရင်း သီချင်းတွေတစ်ပုဒ်ပြီးတစ်ပုဒ်သီဆိုကာ ပရိသတ်တွေအတွက် ဖျော်ဖြေတင်ဆက်ပေးခဲ့တာပဲ ဖြစ်ပါတယ် ။ စုံတွဲသီချင်းလေးကိုလည်း ပျော်ပျော်ပါးပါး သီဆိုခဲ့တဲ့ စွမ်းဇာနည်ရဲ့ဗီဒီယိုလေးကတော့ ကြည့်ရှုသူအများအပြား ရရှိနေတာလည်း ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသားချော စွမ်းဇာနည်ရဲ့Live ဗီဒီယိုလေးကို အောက်မှာ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Swan Zarni's FB Acc

Photo Credit-Swan Zarni's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။