ပရိသတ်ကြီးရေ...... ချစ်စရာကောင်းပြီးအသည်းယားစရာကောင်းလှတဲ့ အာဘွိုင်းနဲ့မြတ်ရတနာကျော်တို့ရဲ့သမီးလေး Scarlett Phyo Tunကိုသိကြမယ်ထင်ပါတယ်‌နော်.....။ အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့ဇနီးမောင်နှံဟာလည်း သက်ဆိုင်ရာနယ်ပယ်အသီးသီးမှာ အောင်မြင်မှုကိုယ်စီရရှိထားတဲ့သူ‌တွေဖြစ်ပါတယ်။ဒါ့ပြင် အာဘွိုင်းရဲ့romanticဆန်ပြီး ဂရုစိုက်ကြင်နာတတ်တဲ့ခင်ပွန်းကောင်းပီသမှုကြောင့် ပရိသတ်တွေအားကျနေရတဲ့သူဆိုလည်းမှားမယ်မထင်ပါဘူးနော်။

Photo Credit-Sai Kaung Htet
Photo Credit-Sai Kaung Htet

မြတ်ရတနာကျော်တို့ ဇနီးမောင်နှံဟာ သမီးလေး Scarlettရဲ့ပုံလေးတွေကို မကြာခဏတင်ပေးလေ့ရှိပါတယ်။ Scarlettလေးဟာလည်း မျက်လုံးဝိုင်းဝိုင်း ပါးဖောင်းဖောင်းလေးနဲ့ ဖြူဖွေး၀င်းဥနေပြီး ဘာဘီရုပ်မလေးလို အရမ်းအသည်းယားစရာကောင်းတဲ့ ကလေးလေးပါနော်။ ဖေဖေရော မေမေရောရဲ့အချောအလှတွေကို စုပြုံရရှိထားတဲ့ သမီးလေး Scarlettကတော့တစ်ကယ့်ကို ချစ်မွှေးလေးပါပဲ။

Photo Credit-Sai Kaung Htet
Photo Credit-Sai Kaung Htet

မကြာသေးမီကလည်း မြတ်ရတနာကျော်ဟာ သူမတို့ရဲ့ Facebook pageလေးဖြစ်တဲ့ Our Travel Diaries ဆိုတဲ့ pageလေးမှာ Scarlettလေးရဲ့ ချစ်စရာပုံလေးတွေကို "တက္ကသိုလ် ကျောင်းသူလေး မမ Scarlett ဖြိုးထွန်း" ဆိုတဲ့ captionလေးနဲ့ တင်ပေးလာခဲ့ပါတယ်။ Scarlettလေးရဲ့ ပုံလေးတွေကြည့်ပြီး ပရိသတ်တွေလည်း အသည်းယားနေကြမယ်ထင်ပါတယ်နော်။ ကဲ......ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit-Sai Kaung Htet
Photo Credit-Sai Kaung Htet

Source-Our Travel Diaries

Photo Credit-Sai Kaung Htet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။