ကလေးဘဝကတည်းက ဖခင်ဖြစ်သူနဲ့အတူ ရှုတင်တွေ လိုက်သွားရင်း အနုပညာပိုးပါလာသူကတော့ ကြော်ငြာမင်းသမီးလေး ယွန်းဝတီလွင်မိုးပဲ ဖြစ်ပါတယ်။ သူမဟာ ချစ်ရတဲ့ ခင်ပွန်း ၊ သားလေးနဲ့အတူ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကလေးမေမေလို့ ထင်ရက်စရာမရှိလောက်အောင်ကို ကိုယ်လုံးလေးကလည်း သွယ်လျလှပနေတာကြောင့် မြင်သူတိုင်း အချစ်ပိုနေရတာလည်း ဖြစ်ပါတယ်။  

Photo Crd- Yunwaddy Lwin Moe’s Facebook Page
Photo Crd- Yunwaddy Lwin Moe’s Facebook Page
Photo Crd- Yunwaddy Lwin Moe’s Facebook Page

ခေးလေးဟာ လတ်တလောမှာတော့ ခင်ပွန်းဖြစ်သူနဲ့အတူ ဩစတေးလျနိုင်ငံမှာ ကျောင်းသွားတက်နေတာပဲ ဖြစ်ပါတယ်။ ပြည်ပနိုင်ငံမှာ နေထိုင်တာကြောင့် မိသားစုဝင်များနဲ့ သားလေးကို သတိရနေတာပဲ ဖြစ်ပါတယ်။ မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း ခေးလေးရဲ့ ညီမဖြစ်သူ ယွန်းနဒီလွင်မိုးရဲ့ Instagram လူမှုကွန်ယက်မှာ ပုံလေး တစ်ပုံ တင်ထားတာပဲ ဖြစ်ပါတယ်။

Photo Crd- Yunwaddy Lwin Moe’s Facebook Page
Photo Crd- Yunwaddy Lwin Moe’s Facebook Page

ဒါကတော့ ပြည်ပမှာ ကျောင်းသွား တက်နေတဲ့ အစ်မဖြစ်သူတို့ဇနီးမောင်နှံနဲ့Video Call ပြောကာအလွမ်းသယ်နေတဲ့ ယွန်းနဒီလွင်မိုးရဲ့ ပုံလေးပဲ ဖြစ်ပါတယ်။ ခေးလေးတို့ ညီအစ်မနှစ်ယောက်ဟာ အသက်သိပ်မကွာသော်လည်း ရန်ဖြစ်တာမျိုးလုံးဝမရှိဘဲ တစ်ယောက်နဲ့ တစ်ယောက် ချစ်ချစ်ခင်ခင်နဲ့ ပျော်ရွှင်ကြည်နူးစရာ ကောင်းလွန်းတာပါ။ ပရိသတ်တွေအတွက် ဒီပုံလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Yun Waddy Lwin Moe’s Facebook Page and Yunnandy’s IG Account 

Photo Crd- Yunwaddy Lwin Moe’s Facebook Page
Photo Crd- Yunwaddy Lwin Moe’s Facebook Page
Photo Crd- Yunnandy’s IG Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။