ပရိသတ်ကြီးရေ အနုပညာအလုပ်ကိုဝါသနာအရမ်းပါတဲ့အတွက် ရုပ်ရှင်လုပ်ငန်းကိုအဘက်ဘက်ကအဆင့်မြင့်စေရန် အမြဲလုပ်ဆောင်နေသူကတော့ ဝါရင့်သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ လူမင်းပဲ ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားများကို ပီပြင်အောင် သရုပ်ဆောင်ရုံသာမက ဒါရိုက်တာအဖြစ်နဲ့ပါ အနုပညာလှုပ်ရှားမှုတွေကို လုပ်ဆောင်နေသူ တစ်ဦးပဲ ဖြစ်ပါတယ်။ လူမင်းကိုတော့ ပရိသတ်တွေ အားလုံးက သဘာဝမင်းသားလို့ခေါ်ဆိုရလောက်အောင် သရုပ်ဆောင်ပိုင်နိုင်လွန်းသူတစ်ယောက်လည်း ဖြစ်ပါတယ်။ 

Photo Crd- Ayarwady Lu Min’s Facebook Account
Photo Crd- Ayarwady Lu Min’s Facebook Account
Photo Crd- Ayarwady Lu Min’s Facebook Account

လူမင်းဟာ ချစ်ရတဲ့ မိသားစုနဲ့အတူ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ ဘဝလေးကို ရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအားလုံးကလည်း သူတို့ မိသားစုလေးကို ကြည့်ပြီး ကြည်နူး အားကျနေကြတာပါ။ ဒီနေ့ကတော့ လူမင်းရဲ့ သမီးကြီး ဧရာဝတီလူမင်းရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း လူမင်းရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတစ်ပုံ တင်ထားတာပဲ ဖြစ်ပါတယ်။  

Photo Crd- Ayarwady Lu Min’s Facebook Account
Photo Crd- Ayarwady Lu Min’s Facebook Account
Photo Crd- Ayarwady Lu Min’s Facebook Account

ဒါကတော့ သိတတ်လိမ္မာတဲ့ ချစ်သမီးလေးကို ဆုံးမစကားလေးနဲ့ မွေးနေ့ဆုမွန်ကောင်းတောင်းပေးထားတာပဲ ဖြစ်ပါတယ်။ လူမင်းကတော့ " ၂၃ . ၉ . ၂၀၂၀

သမီးလေး ဧရာဝတီလူမင်း

(၁၂) နှစ်ပြည့်မွေးနေ့

အမှား/အမှန် ၊ ဓမ္မ/အဓမ္မ ကိုခွဲခြားသိမြင်နိုင်သော

ဥာဏ်ပညာကိုရရှိပိုင်ဆိုင်နိုင်ပါစေ။ " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Ayarwady Lu Min’s Facebook Account 

Photo Crd- Ayarwady Lu Min’s Facebook Account
Photo Crd- Ayarwady Lu Min’s Facebook Account
Photo Crd- Ayarwady Lu Min’s Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။