ရေဘေးသင့် ပြည်နယ်အတွက် ဒေါ်လာတစ်သန်း လှူဒါန်းခဲ့တဲ့ တေလာဆွစ်ဖ်

====================

အမေရိကန်နိုင်ငံတောင်ပိုင်းပြည်နယ် လူဝီစီယားနားတွင် မုန်တိုုင်းကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားကာ လူ ၁၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး လူနေအိမ်များနှင့် စီးပွားရေးလုပ်ငန်းများ ထောင်နှင့်ချီ၍ ထိခိုက်ပျက်စီးခဲ့သည်။ စာသင်ကျောင်းများ အစားအစာများအတွက် ကူညီရန်အပါအဝင် ကန်ဒေါ်လာတစ်သန်း လှူဒါန်းရန် တေလာဆွစ်ဖ်က လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ယခု လှူဒါန်းမှုတွင် တေလာဆွစ်ဖ်က Convy of Hope, The Life of Single Mom နှင့် YWCA Greater Baton Rouge ပရဟိတသုံးဖွဲ့သို့ လှူဒါန်းခြင်းဖြစ်သည်။ လာမည့်နှစ်ကုန်ပိုင်းတွင် ဘာတန်ရုချ်ဒေသ၌ လူနေအိမ်အလုံးရေ ၁၀၀ ပြန်လည်တည်ဆောက်ရန် မျှော်လင့်နေသော Habitate For Humanrity ပရဟိတအဖွဲ့သို့လည်း တေလာဆွစ်ဖ်က ကန်ဒေါ်လာတစ်သိန်း လှူဒါန်းခဲ့သည်။

တေလာဆွစ်ဖ်သည် ယနေ့အထိ ဘာတန်ရုချ်ဒေသရှိ ပရဟိတအဖွဲ့ခုနစ်ဖွဲ့သို့ လှူဒါန်းထားပြီးဖြစ်သည်။

Source: Eonline

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။