ပရိသတ်ကြီးရေ အကယ်ဒမီမြင့်မြတ်ကတော့ လက်ရှိမှာလည်း သားလေးတစ်ယောက်ကိုပိုင်ဆိုင်ထားသလို နောက်ထပ်လည်း ရင်သွေးလေးထပ်ရဦးမှာဖြစ်ပါတယ်။မြင့်မြတ်ရဲ့ချစ်ဇနီးလေးက ဒုတိယကိုယ်ဝန်ကိုလွယ်ထားရတာကြောင့် မကြာခင်မှာ မိသားစုဝင်အသစ်ထပ်တိုးတော့မှာဖြစ်ပါတယ်။မြင့်မြတ်ကလည်း အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပီသစွာနဲ့ မိသားစုလေးကို အမြဲပျော်ရွှင်အောင်ထားပေးပါတယ်နော်။
မြင့်မြတ်ရဲ့သားချောလေးမြတ်သူလေးကလည်း တစ်နေ့ထက်တစ်နေ့ပိုပိုချစ်ဖို့ကောင်းလာပြီး ဖေဖေ့ရဲ့စတိုင်လ်အတိုင်းလည်း လိုက်လုပ်တတ်နေပါပြီနော်။မြင့်မြတ်ကတော့ ချစ်စရာအမူအရာလေးတွေလုပ်ပြတတ်တဲ့သားလေးကို ချစ်မဝဖြစ်နေရတာပါနော်။မြတ်သူလေးကလည်း ဖေဖေနဲ့မေမေ့ရဲ့အချစ်တွေကို စုပုံရရှိထားပြီး အပူအပင်ကင်းစွာနဲ့ အမြဲပျော်ရွှင်နေရတာဖြစ်ပါတယ်။
ယခုကိုဗစ်ကာလမှာတော့ မြတ်သူလေးလည်း အပြင်မထွက်ရဘဲ အိမ်ထဲမှာပဲ ကစားနေရတာဖြစ်ပါတယ်။အခုဆိုရင်လည်း လေထိုးရေကူးကန်ထဲမှာ တစ်ယောက်တည်း ပျော်ပျော်ပါးပါး ရေကစားနေတာပါနော်။ရေကစားရတာကိုကြိုက်နှစ်သက်လို့ ရေကူးကန်ထဲမှာ အရမ်းပျော်ရွှင်နေတဲ့ မြတ်သူလေးရဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source&Photo Credit:Myat Wai Tun's Facebook Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။