ပရိသတ်ကြီးရေ.. မမြတ်လေးလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင် မင်းသမီးချောအေးမြတ်သူကတော့ ချစ်စရာကောင်းပြီး ပွင့်လင်းတဲ့ဟန်ပန် အပြောအဆိုလေးတွေနဲ့ ဟန်ဆောင်မှုကင်းတဲ့ နေထိုင်ပုံလေးတွေကြောင့် ပရိသတ်တွေ အချစ်ပိုရတဲ့သူလေးပါ။ ဒါ့ပြင်သူမရဲ့ ကျော့ရှင်းလှတဲ့အလှတရားလေးနဲ့ ဆွဲဆောင်မှုရှိတဲ့ ပါးချိုင့်လေးဟာလည်း ပရိသတ်ရင်ကိုထိမှန်စေတာ အသေအချာပါပဲဖြစ်ပါတယ်။

Photo credit-Aye Myat Thu's Facebook page
Photo credit-Aye Myat Thu's Facebook page

အေးမြတ်သူဟာ အခုချိန်ထိလည်းအရွယ်တင်နုပျိုနေဆဲဖြစ်ပြီး သူမရဲ့အလှတရားတွေဟာဆိုရင်လည်း ဆယ်ကျော်သက်တွေအရှုံးပေးရလောက်အောင်ကို လှပနေတာပါ။ အေးမြတ်သူဟာ အသက်(၃၀)ကျော်လို့ထင်ရက်စရာမရှိအောင်ကို ခန္ဓာကိုယ်ပိုင်းရော၊အသားအရည်တွေပါ လှပနေတဲ့မင်းသမီးချောတစ်ယောက်ဖြစ်ပါတယ်။ အေးမြတ်သူဟာ ကျန်းမာရေးလိုက်စားတဲ့ မင်းသမီးတစ်ယောက်လည်းဖြစ်ပြီးတော့ အခုလက်ရှိမှာဆိုရင်လည်း ယောဂလေ့ကျင့်ခန်းတွေ ပြုလုပ်နေတာလည်းဖြစ်ပါတယ်။

Photo credit-Aye Myat Thu's Facebook page
Photo credit-Aye Myat Thu's Facebook page

အေးမြတ်သူဟာ သူမရဲ့ Instagram accလေးမှာ ခန္ဓာကိုယ်လေးပျော့ပျော့ပြောင်းပြောင်းနဲ့ ယောဂလေ့ကျင့်ခန်းတွေ ကြိုးစားလုပ်နေတဲ့ ဗီဒီယိုလေးကိုတင်ပေးလာပါတယ်။ ပရိသတ်ကြီးလည်း အခုလက်ရှိ stay homeကာလမှာ အိမ်မှာနေရင်း ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလေးတွေ ပြုလုပ်ကြဖို့လိုပါတယ်နော်။ ကဲ......ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo credit-Aye Myat Thu's Facebook page
Photo credit-Aye Myat Thu's Facebook page
View this post on Instagram

A post shared by Myat Lay (@myatlay8686) on

Source& video Credit-Aye Myat Thu's Instagram acc

Photo credit-Aye Myat Thu's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။