ချစ်ပရိသတ်ကြီးရေ တောင့်တင်းကျစ်လစ်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး အမြဲဖက်ရှင်ကျနေတတ်တဲ့ ပိုင်တံခွန်ကတော့ ကောင်မလေးတွေကြားမှာ နာမည်ကြီးနေသူလေးဖြစ်ပြီး ချစ်ပရိသတ်တွေရဲ့ အချစ်ကိုအပြည့်အဝရရှိထားတဲ့ အနှပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။သူကတော့ ဆယ်ကျော်သက် မိန်းမလှလေးတွေ သည်းသည်းလှုပ် အားပေးခံရသူလေးလည်းဖြစ်ပါတယ်။အလုပ်ကြိုးစားတဲ့ ပိုင်တံခွန်က သူရဲ့မိဘနှစ်ပါးအပေါ်မှာလည်း သိတတ်လိမ္မာတဲ့ သားလေးတစ်ယောက် ဖြစ်ပါတယ်။

Photo Credit : Paing Takhon Facebook Page
Photo Credit : Paing Takhon Facebook Page

တဖြည်းဖြည်းနဲ့ နာမည်ကြီးအောင်မြင်လာတဲ့ ပိုင်တံခွန်က ကြော်ငြာတွေ ဇာတ်ကားတွေနဲ့ သီချင်းဗီဒီယိုတွေ အဆက်မပြတ်ရိုက်ကူးနေရတာပဲ ဖြစ်ပါတယ်။ အားလပ်ချိန်တွေမှာ ပန်းချီဆွဲရတာ ဝါသနာပါတဲ့ပိုင်တံခွန်က အခုလည်း နာရီပေါင်း ၅၀ ကျော်ကြာအောင် ရေးဆွဲခဲ့ရတဲ့ သူ့ရဲ့ဆီဆေးပန်းချီကားကြီးကိုဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးဟာ အချိန်ခဏလေးတွင်းမှာပဲ ကြည့်ရှုသူများပြားခဲ့တာလည်းဖြစ်ပါတယ်။

Photo Credit : Paing Takhon Facebook Page
Photo Credit : Paing Takhon Facebook Page

ပန်းချီကားလေးဟာ အရမ်းလက်ရာမြောက်လွန်းတာကြောင့် တစ်ချို့ foreignees တွေကတောင် တကယ်ရောင်းတယ်ထင်ပြီး လာဝယ်ကြတယ်လို့လည်း ကောမန့်လေးမှာပြောကြားထားတာတွေ့ရပါတယ် ။ပရိသတ်ကြီးလည်း ပိုင်တံခွန်ရဲ့ ပန်းချီကားလေးကို ကြည့်ရှုနိုင်စေရန်မျှဝေပေးလိုက်ပါတယ်နော်။ပိုင်တံခွန်လည်း ဒီထက်မကအောင်မြင်မှုတွေရရှိပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Photo Credit : Paing Takhon Facebook Page
Photo Credit : Paing Takhon Facebook Page

Source & Photo Credit : Paing Takhon Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။