ထပ်ဆင့်အကယ်ဒမီဆုရှင် မင်းသမီးကြီး ဝါဝါဝင်းရွှေကတော့ တစ်ခေတ်တစ်ချိန်တုန်းက အနုပညာလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တာ ဖြစ်ပါတယ် ။ ပုရိသတွေရဲ့အသည်းစွဲဖြစ်ခဲ့တဲ့ ဝါဝါဝင်းရွှေက နှစ်တွေလတွေ အလီလီပြောင်းလဲသွားခဲ့တာတောင် နုပျိုလှပနေဆဲ ဖြစ်ပါတယ် ။ ဝါဝါဝင်းရွှေက အနုပညာအလုပ်တွေနဲ့ ဝေးကွာနေခဲ့တာဟာ အချိန်အတော်ကြာခဲ့ပေမယ့်လည်း ပရိသတ်တွေရဲ့အားပေးမှုကို ဆက်လက်ရရှိနေဆဲ ဖြစ်ပါတယ် ။

Photo Credit-Wa Wa Win Shwe's FB Acc
Photo Credit-Wa Wa Win Shwe's FB Acc
Photo Credit-Wa Wa Win Shwe's FB Acc

ချစ်ရတဲ့မြေးလေးတွေ၊ မိသားစုဝင်တွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင်နေတဲ့ ဝါဝါဝင်းရွှေက အခုချိန်အထိ ကျန်းမာလှပနေတာ ဖြစ်ပါတယ် ။ ဒါပေမယ့်လည်း ဝါဝါဝင်းရွှေက ကွယ်လွန်သွားပြီဖြစ်တဲ့ ချစ်ခင်ပွန်းကို အချိန်တိုင်းသတိရလွမ်းဆွတ်နေပြီး နေ့တိုင်းလတိုင်းဆိုသလို ကုသိုလ်ကောင်းမှုတွေကို ပြုလုပ်ပေးနေတာလည်း ဖြစ်ပါတယ် ။ အခုလည်း အန်တီဝါက Covid 19 ကာလမှာတောင် ချစ်ခင်ပွန်းအတွက် အလှူလုပ်ပေးဖြစ်ခဲ့ပုံကို ပြောပြထားတာ ဖြစ်ပါတယ် ။

Photo Credit-Wa Wa Win Shwe's FB Acc
Photo Credit-Wa Wa Win Shwe's FB Acc
Photo Credit-Wa Wa Win Shwe's FB Acc

ဝါဝါဝင်းရွှေက "ဘဝဟောင်းကိုစွန့်ပြီး ဘဝသစ်သို့ကူးပြောင်းသွားတာ တစ်နှစ်နဲ့ နှစ်လပြည့်ပြန်ပြီ ဒယ်ဒီရေ။ ဒယ်ဒီ့အတွက် နေ့တိုင်း လတိုင်း နှစ်ပြည့်အလှူတွေ ကုသိုလ်ကောင်းမှုတွေ လုပ်ပေးခဲ့ပေမယ့် အခုလိုအပြင်မထွက်ရတဲ့အချိန်မှာတော့ မြတ်စွာဘုရားအမှူးထားပြီး မြောက်ဥက္ကလာကျောင်းကဆရာတော် နဲ့သံဃာအပါး (၁၄၀) တို့ကို နေ့ဆွမ်းဆက်ကပ်ခဲ့ပါတယ်။ ချစ်ခင်ပေါင်းသင်းဆက်ဆံခြင်းကား ကွေကွင်းနောက်ဆုံးရှိချေ၏။ ရုပ်ရည်အဆင်း နုပျိုခြင်းကား အိုမင်းနောက်ဆုံးရှိချေ၏။ အနိစ္စ မမြဲပါတကား။ ဒုက္ခဆင်းရဲလှပါတကား။ အနတ္တအနှစ်ကင်းပ အစိုးမရပါတကား။ သူသွားနှင့်ပြီ။ ကိုယ်လည်း နောက်ကလိုက်ရပေဦးမည်။ " ဆိုပြီး သူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားမျှဝေထားတာပဲ ဖြစ်ပါတယ် ။

Source & Photo Credit-Wa Wa Win Shwe's FB Acc 

Photo Credit-Wa Wa Win Shwe's FB Acc
Photo Credit-Wa Wa Win Shwe's FB Acc
Photo Credit-Wa Wa Win Shwe's FB Acc
Photo Credit-Wa Wa Win Shwe's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။