ချစ်ရတဲ့ ပရိသတ်ကြီးရေ... သရုပ်ဆောင် မင်းသားချော နေတိုးကတော့ ယခုလို Covid ကာလမှာ မွန်မြတ်လှတဲ့ အလှဒါနတစ်ခုကို ပြုလုပ်လိုက်ပြန်ပါပြီနော်။ အနုပညာလောကမှာ အောင်မြင်မှုများစွာ ရရှိထားပြီး မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသားတစ်ယောက်အနေနဲ့ ရပ်တည်နေတဲ့ နေတိုးက အကယ်ဒမီဆုကိုလည်း ထိုက်တန်စွာရရှိထားတာလည်း ဖြစ်ပါတယ်။
ရခိုင်တိုင်းရင်းသားတစ်ယောက်ဖြစ်ပြီး ရိုးရိုးအေးအေး နေထိုင်တတ်သူဖြစ်လို့ ပရိသတ်တွေ အချစ်ပိုနေရသူဆိုရင်လည်း မမှားနိုင်ပါဘူးနော် ။ ရှိရင်းစွဲအသက်ထက် ငယ်ရွယ်နုပျိုနေပြီး အမြဲတက်ကြွလန်းဆန်းနေတဲ့ နေတိုးက နှုတ်ခမ်းနီ မလေးတွေရဲ့ အချစ်တော်လည်း ဖြစ်လို့နေပါတယ်။ လူမှုရေးကိစ္စတွေနဲ့ ပရဟိတ လုပ်ငန်းတွေမှာလည်း အားတက်သရော ကူညီလုပ်ဆောင်ပေးလေ့ရှိတဲ့ နေတိုးက ယနေ့မှာလည်း အလှူတစ်ခုကို ပြုလုပ်လိုက်တာပဲ ဖြစ်ပါတယ်။
Covid ကာလမှာ စားဝတ်နေရေး အခက်တွေ့နေပြီး ရုန်းကန်ရှာဖွေနေရတဲ့ လူရွှင်တော်တွေအတွက် အလှူငွေကျပ် ၁၀သိန်းကို ယနေ့မှာ လှူဒါန်းလိုက်တာပါ။ လူရွှင်တော် အသင်း ဥက္ကဋ္ဌ ဦးဒိန်းဒေါင်နဲ့အတူ အလှူငွေ လှူဒါန်းနေတဲ့ ကြည်နူးစရာပုံရိပ်လေးတွေအပြင် " ကုသိုလ်အမျှရကြပါစေခင်ဗျာ ကြုံတွေ့နေရသောအခက်အခဲများစွာမှအမြန်ဆုံးလွတ်မြောက်ပြီး ကပ်ဘေးဆိုးကြီးမှလည်းကင်းဝေးကြပါစေ " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ချစ်ရတဲ့ ပရ်သတ်တွေ ကြည့်ပြီး ကြည်နူးပီတိ ဖြစ်မိစေမှာ အသေအချာပဲမို့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်......။
Photo credit - Nay Toe's Facebook Page
Source - Nay Toe's Facebook Page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။